တနှစ်ကိုတန်တ​သောင်း​ကျော် နိုင်ငံခြားပို့​နေရသည့် ငါးရှဉ့်မျိုးဆက်ပြတ်လပ်မှုမရှိ​ရေး နည်းစနစ်ပိုင်းဆိုင်ရာလိုအပ်ချက်များရှိနေသေး

0
123

မြန်မာ့ငါးရှဉ့် မျိုးဆက်ပြတ်လပ်မှုမရှိအောင်ငါးရှဉ့်မွေးမြူမှုကို စမ်းသပ်လုပ်ဆောင်နေသော်လည်း နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေသေးကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ကန်စနစ်မွေးမြူမှုထက် သဘာဝတွင်မွေးမြူပါက ပိုမိုရှင်သန်ပွားများနိုင်မည့် သုတေသနစမ်းသပ်မှုကို တွေ့ရှိထားပြီး အောင်မြင်သော မွေးမြူမှုရလဒ်ကောင်းများရရှိနိုင်ရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

မိုးရာသီတွင် ငါးရှဉ့်များသားပေါက်၍ အများဆုံးထုတ်လုပ်တင်ပို့လေ့ရှိပြီး သဘာဝမှ ဖမ်းဆီးရမိသော ငါးရှဉ့်များကို အရွယ်အစားခွဲခြားမှုမရှိဘဲ ရောင်းချမှုများရှိနေကြောင်း သိရသည်။

ယင်းကြောင့် ငါးရှဉ့်မျိုးဆက်ပြတ်လပ်မှုကို ကြိုတင်ကာကွယ်နိုင်ရန်ဖမ်းဆီးရောင်းချသူများအား ဒိုင်များက အသိပညာပေးခြင်း၊ သဘာဝအတိုင်းဖမ်းဆီးရာတွင် ငါးရှဉ့်သားပေါက်များကို ပြန်လည်လွှတ်ပေးခြင်း၊ ကန်လှောင်မွေးမြူမှုထက်သဘာဝတွင် မွေးမြူသောစနစ်ကို တွင်ကျယ်စွာလုပ်ဆောင်ခြင်း၊ ထိုသို့ လုပ်ဆောင်နိုင်ရန် နည်းပညာဖြန့်ဝေပေးခြင်းတို့ကို ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မြန်မာ့ငါးရှဉ့် မျိုးဆက်ပြတ်လပ်မှုမရှိအောင် ငါးရှဉ့်မွေးမြူမှုကို စမ်းသပ်လုပ် ဆောင်ပေမယ့် နည်းစနစ်ပိုင်းဆိုင်ရာ လို အပ်ချက်တွေရှိနေပါတယ်။ နောက် တစ်ခုက သဘာဝမှာ မွေးမြူတာက ရှင်သန်နှုန်းပေါက်ပွားနှုန်းကောင်းမွန်တာကို သုတေသနပြုရထားတာရှိပါတယ်။ နှစ်စဉ် သဘာဝမူရင်းဒေသမှာရှိနေတဲ့ ငါးရှဉ့်ပေါက်တွေ သန်းနဲ့ချီပြီး ဆုံးရှုံးနေတယ်။ တချို့နေရာတွေမှာ သိန်းဂဏန်းလောက်ပဲ သဘာဝမှာမွေးမြူသွားကြမယ်ဆိုရင် ဝယ်လိုအားရှိနေတဲ့ မြန်မာ့ငါရှဉ့်ရဲ့ အနာဂတ်ဟာ ငါးရှဉ့်တောင်သူ တွေရဲ့ လူမှုစီးပွားကို အထောက်အပံ့ ကောင်းရရှိစေမှာပါ”ဟု မြန်မာနိုင်ငံ ငါးလု ပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က နိုင်ငံပိုင်သတင်းဌာနသို့ ပြောသည်။

ထို့ပြင် လယ်ငါးရှဉ့်များကို မျိုးစိတ်ခွဲခြားခြင်း၊ မျိုးငါးရှဉ့်ရွေးချယ်ခြင်း၊ ဆေးထိုးသားဖောက်ပြုလုပ်ခြင်း၊ မွေးမြူနိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်း၊ ငါးရှဉ့်သားပေါက်စုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်း၊ မတူညီသောဟော်မုန်းဆေးများဖြ င့် ဆေးထိုးသားဖောက်၍ ဥချသားပေါက်မှုအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်း၊ လယ်ငါးရှဉ့် မျိုးစိတ်များ မျိုးပွားမှုဆိုင်ရာ ဇီဝဗေဒကိုအခြေခံ၍ သားပေါက်ရာသီ၊ မြေဆီလွှာနှင့် မျိုးပွားမှုတို့ကို ပညာရှင်များ၊ သုတေသီများနှင့် ဆွေးနွေးအကြံပြုခြင်းနှင့်အတူ နိုင်ငံတော်ကချမှတ်ထားသည့် မွေးမြူရေးရေလုပ်ငန်း သုတေသနဆိုင်ရာ မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွ က်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်  မြန်မာနိုင်ငံမှ ပြည်ပသို့ မြန်မာ့ငါးရှဉ့် တန်ချိန် ၁၃၀၀၀ ခန့်တင်ပို့နိုင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here