ကိုယ့်လေယာဉ် ကိုယ်ပြန်ပစ်မိခြင်းကြောင့် F-16 ဆုံးရှုံးခဲ့ရခြင်းသာဖြစ်ကြောင်း ယူကရိန်းလွှတ်တော် အမတ် ပြောကြား

0
289

ယူကရိန်းနိုင်ငံသို့ ယခုနှစ်အစောပိုင်းက လွှဲပြောင်းပေးအပ်ခဲ့သော အမေရိကန်လုပ် F-16 တိုက်လေယာဉ်တစ်စင်းသည် ယူကရိန်းသို့ပေးအပ်ထားသော အမေရိကန်လုပ် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်လက်ချက်ကြောင့် ပျ-က်ကျခဲ့ခြင်းသာဖြစ်ကြောင်း ယူကရိန်းလွှတ်တော်အမတ် Maryana Bezuglaya က ပြောကြားခဲ့သည်။

“ကျွန်မရဲ့ အချက်အလက်တွေအရ၊ [စစ်တပ်]တပ်ဖွဲ့တွေအချင်းချင်း အကြား ညှိနှိုင်းမှုအားနည်းတာကြောင့်၊ ယူကရိန်းလေယာဉ်မှူး Alexey ‘Moonfish’ Mes ရဲ့ F-16 ကို Patriot လေယာဉ်ပစ်ဒုံးစနစ်က ပစ်ချခံခြင်း ခံခဲ့ရတာပါ” ဟု သူမ၏ Telegram အကောင့်တွင် ရေးသားခဲ့သည်။

အဆိုပါဖြစ်ရပ်ကို “ပျ-က်ကျမှု” အဖြစ် လွဲမှားစွာဖော်ပြခြင်းအတွက် ယူကရိန်းတပ်မတော်၏လေတပ်အား လွှတ်တော်အမတ်က ဝေဖန်ခဲ့သည်။

“ယူကရိန်းတပ်မတော်၏လေတပ်ကွပ်ကဲမှုအပြင် ယူကရိန်းနိုင်ငံ၏ အခြားအဆင့်မြင့်စစ်ဌာနချုပ်များတွင် တည်ရှိနေသည့် စစ်ဘက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို စီမံခန့်ခွဲသည့် စနစ်သည် တသမတ်တည်းပုံသေပြုလုပ်နေသော ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ မတိုးတက်နိုင်ခြင်း၊ ထို့အပြင် အခြားလမ်းကြောင်းများတွင် ဖြစ်နေသကဲ့သို့ပင်လျှင် ယိုယွင်းပျက်စီးပြီး ပြိုကျနေခြင်း” ဟု သူမက ရေးသားခဲ့သည်။

သူ့စကားအရ၊ လေယာဉ်နှင့် လေယာဉ်မှူးနှစ်ဦးစလုံး ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်အတွက် မည်သည့်ဗိုလ်ချုပ်ကိုမျှ အပြစ်တင်ခြင်း မရှိသလို အပြစ်ပေးခြင်းလည်း ရှိဟန်မတူချေ။

အစောပိုင်းတွင် ယူကရိန်းသို့ လှူဒါန်းထားသည့် F-16 တိုက်လေယာဉ်တစ်စင်း ပထမဆုံးအကြိမ် ဆုံးရှုံးခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက Wall Street Journal သို့ ပြောကြားခဲ့သည်။ တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါ ဂျက်လေယာဉ်သည် ရုရှားတို့၏ ပစ်ချခံရခြင်း မဟုတ်ကြောင်းနှင့် ယူကရိန်းတို့၏ အမှားအယွင်းတစ်စုံတစ်ခုကြောင့် ပျ-က်ကျခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ နောက်ပိုင်းတွင် ယူကရိန်းလေတပ်မှ ယူကရိန်း F-16 လေယာဉ်မှူး Alexey Mes ‌ေ-သဆုံးကြောင်း အတည်ပြုခဲ့သည်။ အဆိုပါအမျိုးသားအား F-16 ပျံသန်းရန် လေ့ကျင့်ပေးထားကြောင်း CNN က ဖော်ပြခဲ့သည်။ သြဂုတ် ၂၆ ရက်က ၎င်း၏လေယာဉ် ပျ-က်ကျမှုတွင် လေယာဉ်မှူး ‌ေ-သဆုံးသွားခဲ့ကြောင်း ယူကရိန်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here