ကျောက်မဲမြို့တွင် စစ်ရှောင်စခန်းများ ပြန်လည်ဖွင့်နေဟုဆို

0
72

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ဒေသတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည့် အခြေအနေဖြစ်ပေါ်နေသည်ကိုတွေ့ရှိလာရသဖြင့် စစ်ရှောင်စခန်းများ ပြန်လည်ဖွင့်ထားပြီဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခု ဩဂုတ်လ(၂၇)ရက်နှင့် ဩဂုတ်(၂၉)ရက် ညပိုင်းတို့တွင်ကျောက်မဲမြို့အတွင်းလေကြောင်းပစ်ခတ်တိုက်ခိုက်မှုရှိလာခြင်းကြောင့် မြို့ပေါ်ဒေသခံအချို့စစ်ရှောင်စခန်းများသို့ ပြန်လည်သွားရောက်ခိုလှုံမှုများရှိလာသည်ကြောင်း သိရသည်။

ဩဂုတ်(၃၀)ရက်တွင် ယာဉ်ကြီးယာဉ်ငယ် အစီး(၃၀)ခန့်ဖြင့်မြို့ကိုစွန့်ခွာ၍စစ်ရှောင်စခန်းများသို့ သွားရောက်နေပြီဖြစ်သည်ဟု၎င်းကဆိုသည်။

“ဒေသခံတွေကို ဒီနေ့ရော မနေ့ကရော တိမ်းရှောင်နေကြတယ်။ အခုပြန်ရှောင်နေကြတယ်။ စစ်ရှောင်စခန်းတွေလည်းပြန်ဖွင့်နေတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ရှောင်စခန်းမည်မျှအရေအတွက်အထိ ပြန်လည်ဖွင့်လှစ်နေသည်ဆိုခြင်းကိုမူ ပေါ်ပြူလာနယူးစ်ကမေးမြန်းထားသော်လည်း အင်တာနက်အခက်အခဲကြောင့် ၎င်းဘက်မှ ပြန်လည်ဖြေဆိုလာခြင်းမရှိသေးပေ။

ယမန်နေ့က စစ်ရှောင်စခန်းတစ်ခုရှိ ဒေသခံများ၏ ကျန်းမာ ရေးစောင့်ရှောက်ကုသပေးမှုကို တစ်ကိုယ်တော် လူမှုကူညီရေးအဖွဲ့က သွားရောက် ကုသပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here