အိမ်လှေခါးပေါ်ကခြေချော်ပြီးရေလှောင်ကန်အတွင်း ပြုတ်ကျသည့်ခလေး ရေနစ်ကာ အသက်ဆုံးရှုံး

0
81

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေထိုင်သည့် အသက်(၇)နှစ်အရွယ် ကလေးငယ်(မ) (၁)ဦးမှာ ရွာသစ်ရေလှောင်ကန်အတွင်း ရေနစ်ကာ အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏သတင်းများအရ သိရသည်။
သြဂုတ် (၃၀) ရက်၊ ညနေ (၄)နာရီအချိန်ခန့်က ကလေး(မ) (၁)ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် အောင်ပန်းနယ် မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

“အသက် (၇)နှစ်အရွယ်ပါ ။ ကျောင်းကနေ အိမ်ကို ပြန်လာတာ အိမ်လှေကားပေါ်က ခြေချော်ပြီး  ရွာသစ်ရေကန်ထဲ ပြုတ်ကျလို့ ရေနှစ် ေ-သဆုံးခဲ့ရတာ။ အောင်ပန်းမီးသတ်တပ်ဖွဲ့၊ တာဝန်သိသူများ ပူးပေါင်းကာ အောင်ပန်းဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်”ဟု ဖြစ်စဉ်ကို ကူညီပေးရာတွင် ပါဝင်သူ ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ ညနေ (၅)နာရီအချိန်တွင် ရုပ်အလောင်းအား ပြန်လည် ဆယ်ယူရရှိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here