လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်‌ေ-သဆုံးမရှိ

0
74

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်နေ့ ဩဂုတ်(၃၀)ရက် ည (၉)နာရီခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

“လူထိခိုက်‌ေ-သဆုံးမှုမရှိပါဘူး။ ရပ်ကွက်(၁၀)က စာသင်ကျောင်းနဲ့ အဲဒီ့အနားက လူမနေတဲ့အိမ်တစ်လုံးပေါ်ကျတာပါ။ အခုတော့ပုံမှန်ပါဘဲ။”ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ကြဲချခဲ့သည့် ဗုံးအမျိုးအစားမှာပေါင်(၅၀၀)ဗုံးမဟုတ်နိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ်၌ ပုံမှန်သွားလာနေကြသည်ဟု ဆိုသော်လည်း နောက်ပိုင်းတွင် လေကြောင်းမှတစ်ဆင့် ဗုံးလာကြဲကာ တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

ယင်းကြောင့် လားရှိုးမြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လိုသည့် ဒေသခံများမှာလည်း မြို့တွင်းပြန်လည်ဝင်ရောက်ရန် ကြောက်လန့်ကာ မြို့တွင်းပြန်ဝင်စေလိုသည့်အဖွဲ့နှင့် မဝင်စေလိုသည့်အဖွဲ့ကွဲကာ အပြန်အလှန်ပြောဆိုနေမှုများလည်းရှိနေကြသည်။

“အရမ်းတွေကြောက်နေတယ်။လူလည်းတကိုယ်လုံးပျော့ခွေသွားတယ်။အသံနဲ့တင်”ဟု နောက်ထပ် ဒေသခံတစ်ဦးကပြောသည်။

လားရှိုးမြို့တွင် ယမန်နေ့မှစတင်ကာ တယ်လီဖုန်းလိုင်းအချို့ပြန်လည်ရရှိနေပြီး ၊၁၀၂၇ ဒုတိယအကျော့ တိုက်ပွဲများ စတင်ချိန်မှစ၍ ပိတ်ထားခဲ့ရသည့် လားရှိုးဗဟိုဈေးကြီးကိုလည်း ဩဂုတ်(၂၉)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ထားသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here