နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှု တားဆီးနှိမ်နင်းနိုင်ရေးအရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေး

0
151

နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုကို တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်သော အစီအမံများ ဆောင်ရွက်နိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ၏ ပွင့်လင်းမြင်သာစွာ တည်ဆောက်ရေးတို့ကိုနှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ (Belt and Road Initiative) ၏ ပွင့်လင်းမြင်သာစွာ တည်ဆောက်ရေးနှီးနှောဖလှယ်ပွဲကို ကူမင်းမြို၌ ဩဂုတ် (၂၈) ရက်မှ ဩဂုတ် (၂၉) ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲ၌ ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အရှေ့တောင်အာရှနိုင်ငံများနှင့် နိုင်ငံတကာကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အား ကောင်းလာစေရန်၊ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရန်၊ နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုကို တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်သော အစီအမံများ ဆောင်ရွက်ရန်နှင့် လိုက်လျောညီထွေမှုတည်ဆောက်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည့် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်(၂၉)ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြိုမှ မန္တလေးမြိုသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here