ဝင်္ဂဘော်ဆင်စခန်းတွင် အထီး-အမ ဆင်အမြွှာလေးနှစ်ကောင် ကမ္ဘာ့ရှားပါး ဖြစ်စဥ်အဖြစ်မွေး

0
332

ပဲခူးတိုင်း၊ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးတွင် ဝင်္ဂဘော် ECBTဆင်စခန်း၌ ယခုရက်ပိုင်းအတွင်း အထီး-အမ ဆင်အမြွှာလေးနှစ်ကောင် ရှာရှားပါးပါး မွေးခဲ့သည်။

ဩဂုတ်(၂၆) ရက် ၊ နံနက် ၃း၃၈ နာရီအချိန်တွင် ဆင်မကလေး(အကြီး) ပုလဲဆင့် နှင့် နံနက် ၃:၄၂နာရီအချိန်တွင် ဆင်ထီးကလေး(အငယ်) ကျော်ပုလဲ တို့ကို အသက်(၂၁ )နှစ်အရွယ် မိခင်ဆင်မ ပုလဲစန္ဒာမှ ပထမဆုံးအကြိမ်မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင်ဆင်အမွှာမွေးဖွားနိုင်သည့်ရာခိုင်နူန်းမှာ ၁ ရာခိုင်နူန်းသာရှိပြီး ထိုအထဲတွင် အထီးအမ စုံတွဲ မွေးနိုင်ခြင်းမှာ ထို့ထက်ပင် ရာခိုင်နူန်း နည်းလွန်းသည်။အမ တစ်စုံ ကတော့ မွေးသည်ဟုပင်မကြားဖူးကြချေ။

လက်ရှိတွင် ဆင်မကြီးကိုလည်း အဟာရပြည့်ဝအောင် နို့ထွက်ကောင်းစေရန် ဖြည့်စွက်စာ စပါးကိုကျွေးပေးနေကြောင်းလည်း သိရသည်။

အမြွှာဆင်လေးများသည် မိခင်နို့ကို လှမ်းမီရန် ငယ်သေးသောကြောင့် ၎င်းတို့အား နို့ဘူးတိုက်ကျွေးရကြောင်းလည်း ဝင်္ဂဘော် ECBT ဆင်စခန်းမှ တာဝန်ရှိသူများက ပြောသည်။

ယခုနှစ်ဇွန်လ ၇ရက်နေ့က ထိုင်းနိုင်ငံ၊အယုဒ္ဓယ ဆင်နန်းတော်တွင်မွေးဖွားခဲ့သည့် ဆင်အမွှာ သည်လည်း အထီး အမ တစ်စုံပင်ဖြစ်သည်။တစ်ကောင် နှင့် တစ်ကောင် ၁၈မိနစ်သာ ခြားသည်။

၂၀၂၂ခုနှစ် အောက်တိုဘာ ၂၄ ရက်က အမေရိကန်နိုင်ငံ နယူးယောက် The Rosamond Gifford Zoo in Syracuse တွင်လည်း အထီး အမွှာ တစ်စုံ မွှေးဖွားခဲ့ဖူးသည်။

ဆင်အမွှာများသည် ရှင်သန်အောင် မွေးမြူရန် အလွန်ခက်လှသည်ဟုဆိုကြသည်။မကြာမီထိုရှားပါးအမွှာရှိသည့် ဝင်္ဂဘော် ဆင်စခန်းကို လာရောက်အပန်းဖြေေလ့လာမည့်သူများလာနိုင်ကြောင်းသုံးသပ်နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here