မုန်တိုင်းငယ် အရှိန်ကြောင့် မိုးသက်လေပြင်းကျနိုင်ကာ ပင်လယ်ပြင်သို့သွားလာသူများ သတိထားရန်လိုဟု မိုး/ဇလ ပြော

0
417

ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ပိုမိုအားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ အဆိုပါ မုန်တိုင်းငယ်သည် လက်ရှိသြဂုတ်လ(၃၁)ရက်၌ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၇၀ မိုင်ခန့်၊ သံတွဲမြို့၏ အနောက်ဘက် ရေမိုင် ၅၆၅ မိုင်ခန့်နှင့်အိန္ဒိယနိုင်ငံမြို့သုံးမြို့အနီးရှိ ပင်လယ်ပြင်၌ ဗဟိုပြုနေကြောင်း သိရသည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကာ ၄င်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောများအနေဖြင့် သတိထားရန် လိုအပ်ကြောင်းလည်း မိုး/ဇလက အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here