လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ

0
236

မိုးတွင်းကာလလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သည်များ၏ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်ဇူလိုင်လ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုန်ကားများသွားသည့်လမ်းကြောင်းတွင် မြေပြိုမှုဖြစ်ခြင်း၊ လမ်းများပျက်ဆီးနေခြင်း၊ ရေကြီးမှုတို့ကြောင့် ကုန်ကားများသွားမရဖြစ်နေကြောင်း၊ ထို့ပြင် လမ်းပိုင်းတွင်ပိတ်မိနေသည့် ကုန်ကားကြီးများလည်းရှိနေသေးကြောင်း သိရသည်။

” ပြီးခဲ့တဲ့လကတည်း ရပ်နေတာ ခုထိပဲ။ မသွားနိုင်သေးဘူး။ အလုပ်တွေလည်း အကုန်ရပ်ထားရတယ်။ကုန်တွေဆိုလည်း မသွင်းနိုင်တော့ဘူး။ ဘာဖြစ်လဲဆို ဈေးကွက်ထဲ ပစ္စည်းတွေပြတ်ကုန်တာပေါ့။ ကားကြီးတွေကတော့ သွားမရဘူး။ ကားသေးလေးတွေနဲ့တပိုင်တနိုင်ပစ္စည်းလေးတွေတော့သယ်ကြတယ်”ဟု သွင်းကုန်လုပ်ငန်းရှင် မဇင်မီက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းကို တိုက်ပွဲများကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး လက်ရှိအချိန်ထိလပိတ်ထားခဲ့သည်မှာ ကိုးလကြာမြင့်ပြီဖြစ်သည်။

အဆိုပါ ကော့ကရိတ်-မြဝတီအာရှကုန်သွယ်ရေးလမ်းကို အချိန်အတန်ကြာ သွားလာမှုပိတ်ပင် ထားသဖြင့် ထို့ကော်ကိုးလမ်းသို့ ခရီးသွားပြည်သူများ ကုန်တင်ကားများ ပြောင်းလဲအသုံးပြုနေရပြီး လမ်းခရီးကြမ်းတမ်းမှုအပြင် မိုးတွင်းကာလတွင် သွားလာရေးခက်ခဲကြောင်း သိရသည်။

မြန်မာ-ထိုင်း ကုန်သွယ်မှုအနေဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်များကို အဓိကတင်ပို့နေပြီး ထိုင်းနိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာသုံးစက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ အထည်အလိပ်၊ အလှကုန်၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်နှင့် လျှပ်စစ်ပစ္စည်းများကို ပြန်လည်တင်သွင်းခြင်းဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ နယ်စပ်များမှ ကုန်သွယ်မှုပြုလုပ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here