​ဝေးကွာ​နေ​သောဆွေမျိုးသားချင်း များ ပြန်လည်စုစည်းပြီးမျိုးချစ်စိတ်နှင့် စည်းလုံးညီညွတ်မှုအတွက်ချည်ဖြူဖွဲ့​နှောင်ခြင်းများပြုလုပ်

0
56

ချည်ဖြူဖွဲ့ခြင်းဆိုသည်မှာ လက်ကိုချည်ဖြူဖြင့် ဖွဲ့နှောင်ရစ်ပတ်ခြင်းဖြစ်ပြီး နေရာအနှံ့အပြားတွင် ကွဲပြားရောက်ရှိနေကြသောကရင်တိုင်းရင်းသား မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ ပြန်လည်စုစည်းတွေ့ဆုံပြီး အတူတကွ ပျော်ရွှင်စွာ လက်ချည်ပေးခြင်းအားဖြင့် မိသားစု၊ ဆွေမျိုးသားချင်း အချင်းချင်းပြန်လည်စုစည်း ပေါင်းစပ်ပေးပြီး မျိုးချစ်စိတ်နှင့် စည်းလုံးညီညွတ်မှုအတွက် ဖော်ထုတ်ပေးသည့်အနှစ်သာရရှိသော ပွဲတော်တစ်ရပ်လည်းဖြစ်သည်။

ကရင်လူမျိုးတို့၏ ဘိုးဘေးအစဉ်အဆက် ခေတ်ကာလရှည်လျားစွာ ယုံကြည်မြတ်နိုး တန်ဖိုးထားပြီး ဘိုးဘွား အမွေအနှစ်အဖြစ် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ရိုးရာဓလေ့ပွဲတော်ကို လက်ဆင့်ကမ်း ထိန်းသိမ်းမြှင့်တင်နိုင်ကြရန်ယခုကဲ့သို့ လုပ်​ဆောင်ကြခြင်းလည်း ဖြစ်သည်။

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို သြဂုတ်၃၁ရက် နံနက်၈နာရီက ထားဝယ်မြို့၊ မြို့တော် ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆရာ​တော်များ၊တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကရင်တိုင်းရင်းသားများ စီးပွားရေးလုပ်ငန်းရှင်တက်​ရောက်ကြသည်။

ထို့နောက်ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ကရင်တိုင်းရင်းသား/သူများက ချည်ဖြူဖွဲ့ခြင်းကို ရိုးရာအတိုင်းလုပ်ခဲ့ကြသည်။

ဝါခေါင်လတွင်လုပ်​လေ့ရှိသဖြင့် ဝါခေါင်လ လက်ချည်ပွဲဟုလည်း ခေါ်ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here