ရှစ်လတာအတွင်း YBSယာဉ် မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရသူ ၈၉ ဦးနှင့် သေဆုံးသူ အယောက် ၃၀ ရှိခဲ့

0
125

ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် YBS ယာဉ်များ၏ မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရသူ ၈၉ ဦးနှင့် သေဆုံးသူ အယောက် ၃၀ ရှိခဲ့ကြောင်း YRTC တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

YRTC အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့က သတင်းမီဒီယာများနှင့် တွေဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၌ YBS ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ၁၂၇ ဦး၊‌ေ-သဆုံးသူ ၃၅ ဦးအထိရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ယခုနှစ် ရှစ်လတာအတွင်း မဆင်မခြင်မောင်းနှင်ကာ စည်းကမ်းဖောက်ပျက်မှု လေးသောင်းကျော်ရှိနေကာ အများအားဖြင့် ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု၊ မီးနီ ဖြတ်မောင်းနှင်မှု၊ ဘေးတံခါးဖွင့်မောင်းနှင်မှုနှင့် သတ်မှတ်လမ်း ကြောင်းအတိုင်း မမောင်းနှင်မှု များ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ယင်းအနက် ဘေးတံခါးဖွင့်မောင်းခြင်းနှင့် ယှဉ်ပြိုင်ကျော်တက်သည့် အမှုများသည် အများဆုံးဖြစ်ကြောင်းလည်း မီဒီယာများနှင့် တွေ့ဆုံပွဲတွင် သူက ပြောသည်။

YRTCအနေဖြင့် စည်ကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများကို ယာဉ်မောင်းနှင်ခွင့်ပိတ်ပင်ရန် က.ည.န နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သလို ဆက်လက်ပြီး အရေးယူနေကြောင်းလည်း ဦးလျန်ကျင့်မန်က ပြောသည်။

ထိုနည်းတူ ယာဉ်စည်းကမ်း အကြိမ်ကြိမ်ချိုးဖောက်သည့် ဝိုင်ဘီအက်စ် ယာဉ်မောင်းများ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်ဟုလည်း သိရသည်။

ရန်ကုန်မြို့တွင်း၌ နေ့စဉ်ဘတ်စ်ကားယာဉ်လိုင်း ၁၃၁ လိုင်း၊ယာဉ်အစီးရေ ၃၈၀၀ ခန့်ဖြင့်ခရီးသည် ၁ ဒသမ ၄ သန်းခန့်ကို ဝန်ဆောင်မှုပေးလျက်ရှိနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here