အာခါတိုင်းရင်းသားများ၏ရိုးရာဒန်းစီးပွဲတော်သည်ညီညွတ်အေးချမ်းခြင်းနှင့်ရိက္ခာ ဖူလုံ​ရေးအတွက်ရည်ရွယ်

0
221

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားတို့၏ရိုးရာဒန်းစီးပွဲတော်ကို သြဂုတ် ၃၀ရက်နေ့က အမေ့ရင်ခွင်ကျောင်းတော်တွင် ကျင်းပခဲ့သည်။

အာခါ တိုင်းရင်းသားအကြီးအကဲနှင့်​ဒေသအာဏာပိုင်များ၊တိုင်းရင်းသားများကဒန်းအားစီးနင်း မင်္ဂလာပေးကြသည်။အာခါရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့်လည်း​ပျော်ရွှင်စွာဆင်နွဲ ကြသည်။

ဝမ်းစာအတွက် ထွန်ယက် စိုက်ပျိုးထားသည်များဖြစ်ထွန်းလာသည့်အခါ  ​ဆွေမျိုးမိတ်သင်္ဂဟ၊လူကြီး ၊လူငယ် မကျန် ဖိတ်ခေါ်စုရုံးပြီး  မင်္ဂလာသီချင်းများ​ပျော်ရွှင်စွာရွတ်ဆိုကာ ဒန်းကို အမြင့်ဆုံးအထိ လွှဲစီးကြသည်။

ပျော်ပွဲရွင်ပွဲများ နှင့်အတူ ဒန်းစီးရင်း သီချင်းသီဆို ကျင်းပသည့် ပွဲတော်ဖြစ်ကာအားလုံးအတူတကွ ပါဝင်သောဒန်းကြိုးကိုစံထား၍ ​သွေးရင်းပမာ စည်းလုံးမှုကို ပြသသည့် ပွဲတော်လည်းဖြစ်သည်။

ပွဲတော်​နေ့များကို ကျွဲနေ့  ၊ ကျားနေ့ ၊ ယုန်နေ့ ဆိုပြီးလည်းကျင်းပခြင်းရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here