ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားတို့၏ရိုးရာဒန်းစီးပွဲတော်ကို သြဂုတ် ၃၀ရက်နေ့က အမေ့ရင်ခွင်ကျောင်းတော်တွင် ကျင်းပခဲ့သည်။
အာခါ တိုင်းရင်းသားအကြီးအကဲနှင့်ဒေသအာဏာပိုင်များ၊တိုင်းရင်းသားများကဒန်းအားစီးနင်း မင်္ဂလာပေးကြသည်။အာခါရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့်လည်းပျော်ရွှင်စွာဆင်နွဲ ကြသည်။
ဝမ်းစာအတွက် ထွန်ယက် စိုက်ပျိုးထားသည်များဖြစ်ထွန်းလာသည့်အခါ ဆွေမျိုးမိတ်သင်္ဂဟ၊လူကြီး ၊လူငယ် မကျန် ဖိတ်ခေါ်စုရုံးပြီး မင်္ဂလာသီချင်းများပျော်ရွှင်စွာရွတ်ဆိုကာ ဒန်းကို အမြင့်ဆုံးအထိ လွှဲစီးကြသည်။
ပျော်ပွဲရွင်ပွဲများ နှင့်အတူ ဒန်းစီးရင်း သီချင်းသီဆို ကျင်းပသည့် ပွဲတော်ဖြစ်ကာအားလုံးအတူတကွ ပါဝင်သောဒန်းကြိုးကိုစံထား၍ သွေးရင်းပမာ စည်းလုံးမှုကို ပြသသည့် ပွဲတော်လည်းဖြစ်သည်။
ပွဲတော်နေ့များကို ကျွဲနေ့ ၊ ကျားနေ့ ၊ ယုန်နေ့ ဆိုပြီးလည်းကျင်းပခြင်းရှိသည်။