တောင်တရုတ်ပင်လယ်သင်္ဘောတိုက်မှုတရုတ်နှင့် ဖိလစ်ပိုင် အပြန်အလှန်စွပ်စွဲ

0
178

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား နယ် ေမြ ဒေသတစ်ခုတွင် နှစ်ဖက်သင်္ဘောများ တိုက်မိမှုနှင့်ပတ်သက်ပြီး တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တစ်ဦးကို တစ်ဦး အပြန်အလှန် စွပ်စွဲခဲ့ကြပြီး အရေးပါသည့် ရေလမ်းကြောင်းတွင် နှစ်ဖက်ကတောက်ကဆဖြစ်မှုများသည် အရှိန်မြင့်တက်နေခဲ့သည်။

Sabina Shoal သောင်ခုံကျွန်းတွင် တရားမဝင်ရောက်ရှိနေသော ဖိလစ်ပိုင်သင်္ဘောသည် တရုတ်သင်္ဘောကို တမင်သက်သက်ဝင်တိုက်ခဲ့သည်ဟု တရုတ်ကမ်းရိုးတန်းစောင့်တပ်က စနေနေ့တွင် ပြောသည်။ ထို့အတူ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်ကလည်း တရုတ်သင်္ဘောက မနီလာ၏ သင်္ဘောတစ်စင်းကို ရည်ရွယ်ချက်ရှိစွာ ဝင်တိုက်ခဲ့ သည် ဟု ပြောသည်။

သင်္ဘောများ တိုက်မိသည့်ဖြစ်စဉ်တွင် ဒဏ်ရာအနာတရ ဖြစ်ခြင်းမရှိပေ။

အငြင်းပွားနေသော Sabina Shoal သည် ဖိလစ်ပိုင်ကျွန်း ပါလာဝမ်၏ အနောက်ဖက် ၈၇ မိုင်ခန့်အကွာနှင့် တရုတ်၏ အနီးဆုံးကုန်းမြေဖြစ်သည့် ဟိုင်နန်ကျွန်းမှ ၇၄၆ မိုင်အကွာတွင် တည်ရှိသည်။

တရုတ်ကမ်းရိုးတန်းစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ Liu Dejun က နိုင်ငံ၏ ပိုင်နက်အချုပ်အခြာ၊ ရေကြောင်းဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်သားစွာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ ရန်စနှောင့်ယှက်မှု၊ ချိုးဖောက်မှုများအားလုံးကို ပြတ်ပြတ်သားသား တားဆီးသွားမည်ဖြစ်ကြောင်း ပြောသည်။

ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ Jay Tarriela က တရုတ်ကမ်းရိုးတန်းစောင့်တပ်သည် ရေကြောင်းတိုက်မိမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှု၍ အန္တရာယ်ရှိသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်ဟု ပြောသည်။ သင်္ဘောအချင်းချင်း သုံးကြိမ်တိုင် တိုက်မိကာ ပျက်စီးမှု အချို့ဖြစ်ခဲ့သည်ဟုလည်း Terriela က ပြောဆိုသွားခဲ့သည်။

Ref: အယ်ဂျာဇီးယား
Photo Credit–XINHUA


LEAVE A REPLY

Please enter your comment!
Please enter your name here