ရှန်းရှန်းမုန်တိုင်း အားပျော့သွား၍ တိုက်ဖွန်းအဆင့်မှလျှော့ချ

0
346
A vehilce drives along a flooded road next to the Sakai River (R), which overflowed due to the effects of Typhoon Shanshan in Tamana City, Kumamoto prefectureon on August 29, 2024. - One of the strongest typhoons to hit Japan in decades dumped torrential rain across southern regions on August 29, with authorities warning of life-threatening flooding and landslides. (Photo by JIJI Press / AFP)

တိုကျို၊စက်တင်ဘာ ၁

တိုင်ဖွန်းမုန်တိုင်းအဖြစ်မှ အဆင့်နိမ့်သွားသော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ရှန်းရှန်းသည် ဂျပန်နိုင်ငံကိုဝင်ရောက်ဖြတ်ကျော်မှုကြောင့် လူ ၇ ဦး‌ေ-သဆုံးကာ နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်းသိရသည်။

ဂျပန်နိုင်ငံ၌ ကြာသပတေးနေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုများကြောင့် မြေသားများပျော့နေသဖြင့် ဂျပန်အနောက်ပိုင်းနှင့်အရှေ့ပိုင်းရှိမြစ်များတွင် မြေပြိုခြင်း၊ရေကြီးခြင်းနှင့် မြစ်ရေမြင့်တက်လာမှုများဖြစ်ပေါ်လာနိုင်သဖြင့် သတိထားနေထိုင်ကြရန်လည်း ဂျပန်မိုးလေဝသဌာနကဆက်လက်သတိပေးထားသည်။

သဘာဝဘေးအန္တရာယ်ကြောင့် အချို့သော ကျည်ဆံရထားပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများကို ယာယီရပ်နားထားရသော်လည်း တိုကျို – အိုဆာကာ လမ်းကြောင်းကိုမူ တနင်္ဂနွေနေ့ညနေပိုင်းကတည်းက ပြန်လည်ဖွင့်လှစ်ခဲ့ပြီဟုလည်းသိရသည်။

မုန်တိုင်းရှန်းရှန်းကြောင့် ခုနစ်ယောက်မြောက်‌ေ-သဆုံးမှုသည် ဂျပန်အနောက်တောင်ပိုင်းရှိ ဖူးကိုးခပြည်နယ်မှဖြစ်ကြောင်းသိရှိရပြီး မူလက မုန်တိုင်းသည် နိုင်ငံ၏အရှေ့ဘက်ကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မိုးကြီးမှုကြောင့် မြေပြိုမှုသတိပေးချက်နှင့် ရေကြီးရေလျှံမှုသတိပေးချက်များပါထုတ်ပြန်ထားရကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here