တောင်တရုတ်ပင်လယ်အရေးတွင် ဓမ္မဓိဌာန်ကျရန်နှင့် မျှတရန် အီးယူကို တရုတ် တိုက်တွန်း

0
87
This frame grab from handout video footage taken and released on August 31, 2024 by the Philippine Coast Guard (PCG) shows a Chinese coast Guard ship (L) colliding with Philippine Coast Guard ship BRP Teresa Magbanua near the Sabina Shoal in disputed waters of the South China Sea. - China and the Philippines accused each other on August 31 of deliberately ramming their coast guard ships near a flashpoint shoal in the South China Sea, the latest in a spate of similar incidents in recent weeks. (Photo by Handout / Philippine Coast Guard (PCG) / AFP)

တောင်တရုတ်ပင်လယ်အရေးကိစ္စနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ(အီးယူ) အနေဖြင့် ဓမ္မဓိဌာန်ကျကျ သုံးသပ်ရန်၊ တရားမျှတမှုရှိရန်နှင့် စကားလုံးအသုံးအနှုန်းနှင့် အပြုအမူများအပေါ် ဂရုစိုက်ရန် တရုတ်နိုင်ငံက တိုက်တွန်းလိုက်သည်။ သီတင်းပတ်ကုန်ပိုင်းက ယင်းရေပြင်တွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ အီးယူ၏ မှတ်ချက်ထွက်လာပြီးနောက် တရုတ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အီးယူ၏ စွပ်စွဲချက်များကို အလွန်တရာ မကျေမချမ်းဖြစ်ရသည်ဟု အီးယူဆိုင်ရာ တရုတ်မစ်ရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“အီးယူက တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့ ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်သလို ပြဿနာရပ်အပေါ်မှာ ဝင်ရောက်ထောက်ပြနိုင်တဲ့ အခွင့်အရေး မရှိပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဆိုခဲ့သည်။

ထို့အပြင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် အရေးကိစ္စဆိုသည့်အပေါ် အီးယူက ထပ်ခါတလဲလဲ ဇောင်းပေးဖော်ပြနေခြင်းသည် အီးယူအတွက် ကိုယ်ပိုင်အကျိုးစီးပွားမရှိသည့်အပြင် နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှုလည်း မရှိကြောင်း ဆိုခဲ့သည်။

စနေနေ့က တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပြင်အနီး နှစ်ဖက် ကမ်းရိုးတန်းစောင့်တပ် သင်္ဘောများ တိုက်မိခဲ့မှုနှင့် ပတ်သက်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု တရုတ်နှင့် ဖိလစ်ပိုင်တို့ အပြန်အလှန် စွပ်စွဲခဲ့ကြသည်။ ယင်းဖြစ်ရပ်မှာ နှစ်နိုင်ငံအကြား အငြင်းပွားရေပြင်၌ ကတောက်ကဆဖြစ်နေမှုများစွာတွင် နောက်ဆုံးပေါ်ပေါက်ခဲ့သော ဖြစ်ရပ်ဖြစ်သည်။

ပင်လယ်ပြင်တွင် ဖိလစ်ပိုင်၏ တရားဝင်သော ရေကြောင်းသွားလာလှုပ်ရှားမှုများကို ဆန့်ကျင်သည့် တရုတ် ကမ်းရိုးတန်းစောင့်တပ်သင်္ဘောများ၏ အန္တရာယ်များသော လုပ်ရပ်ကို ရှုတ်ချသည်ဟု တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင် အီးယူက ပြောဆိုခဲ့ခြင်းဖြစ်သည်။

Ref: အာရပ်ဗ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here