ထိုင်းဘဏ်မှ မြန်မာဘဏ်များသို့ ပုံမှန်အတိုင်းဝန်ဆောင်မှုပေးမည်

0
341

ထိုင်းနိုင်ငံ Kasikorn Bank (K Bank), Head Office ၊ Siam Commercial Bank (SCB) Myanmar သည်ငွေပေးချေမှု ဆောင်ရွက်ချက်များနှင့် လုပ်ငန်းများအားလုံး ပုံမှန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကြေညာချက်အရ သိရသည်။

ထိုင်းဘဏ်အချို့မှ မြန်မာနိုင်ငံဘဏ်များနှင့် လက်ရှိငွေကြေးလွှဲပြောင်းမှုဆိုင်ရာ သတင်းအမှားများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်တစ်စောင်ကို ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ Kasikorn Bank (K Bank), Head Office ၊ Siam Commercial Bank (SCB) Myanmar တို့၏ ပြန်ကြားချက်များအရ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအပေါ် အလေးထား စစ်ဆေးခြင်း (Enhanced Due Diligence -EDD) အရ စိစစ်ခြင်းသာဆောင်ရွက်ပြီး ငွေပေးချေမှု ဆောင်ရွက်ချက်များနှင့် လုပ်ငန်းများအားလုံး ပုံမှန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းဘဏ်များ အပါအဝင် ဘဏ်အချို့မှ မြန်မာဘဏ်များနှင့် ငွေကြေးလွှဲပြောင်းမှုများဆောင်ရွက်ပေးမှုကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကုန်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတင်းအမှားများ မြန်မာပြည်သူများအကြား ပြန့်ပွားလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံဘဏ်များအနေဖြင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (AMLO) ညွှန်ကြားချက်နှင့်အညီလိုက်နာပြီး ငွေကြေးဝန်ဆောင်မှုများအား ဆောင်ရွက်လျက်ရှိကြောင်း၊ သံသယဖြစ်ဖွယ် လုပ်ငန်းဆောင်ရွက်ချက်များနှင့် တရားမဝင်ဆောင်ရွက်ချက်များ ရှိမှသာ သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်နှင့်အညီ ဘဏ်စာရင်းပိတ်သိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဘဏ်စာရင်းများမှ ငွေကြေးလွှဲပြောင်းမှု ဆောင်ရွက်ပေးခြင်းနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးရာတွင် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအပေါ် အလေးထား စစ်ဆေးခြင်း (Enhanced Due Diligence-EDD) လုပ်ငန်းစဉ်များဖြင့်သာ ငွေကြေးလွှဲပြောင်းမှု ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိကုန်သွယ်မှုလုပ်ငန်းများသည် တရားဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် သံသယဖြစ်ဖွယ် ဆောင်ရွက်ချက်များ မရှိသောကြောင့် ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆက်လက်ပေးမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here