ပြည်တွင်းပြည်ပဝယ်လိုအား ကောင်းခြင်းကြောင့် ကြက်သွန်ဈေးကောင်းနေ

0
188

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်နီကို ပြည်တွင်းပြည်ပမှ ဝယ်လိုအားကောင်းနေခြင်းကြောင့် ဈေးကောင်းရရှိနေကြောင်း ကြက်သွန်ပွဲရုံများမှ စုံစမ်းသိရှိရသည်။

မြန်မာ့ကြက်သွန်ကို မြန်မာနိုင်ငံအရပ်ရပ်မှ အဝယ်များလာသည့်အပြင် ပြည်ပတင်ပို့သည့်ကုန်သည်များလည်း အဝယ်ရှိကြောင်း၊အထူးသဖြင့် ထိုင်း၊တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့တင်ပို့သည့် ကုန်သည်များအဝယ်များကြောင်း သိရသည်။

” ဒိုင်မှာတင်အမြင့်ဆုံးဈေးက ၂၁၀၀ ရှိတယ်။ အမျိုးအစားလိုက်ရှိတယ်။ ဝယ်လိုအားကကောင်းတယ်။ မြဝတီဘက်ကရော၊ တာချီလိတ်ဘက်ကရော လာဝယ်ကြတယ်။ ကြက်သွန်ကထိုင်းကနေတဆင့် ဗီယက်နမ်ထိသွားတာ။ ဘင်္လားဒေ့ရှ်ဘက်ကတောင်လာဝယ်တယ်။ ဘယ်အပေါက်ကသွားလဲတော့မသိဘူး။ ဒီလိုသာအဝယ်လိုက်နေရင် ဈေးကတတ်ဖို့ရှိတယ်”ဟု ရွှေပြည့်အောင်ပွဲရုံမှ ပေါ်ပြူလာနယူးစ်သို့ပြောသည်။

လက်ရှိတွင် ကြက်သွန်နီသည် စျေးကွက်ထဲသို့ အဝင်နည်းနေသော်လည်း အရောင်းအဝယ်သွက်၍ စျေးမြင့်တက်နေခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ့ကြက်သွန်ကို ဖီလစ်ပိုင်၊ ဗီယက်နာမ်၊ လာအို၊ မလေးရှား၊ တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့်ရ် နိုင်ငံတို့က ဝယ်ယူနေပြီး ကိုဗစ်မတိုင်ခင်ကာလတွင် တနှစ်လျှင် ပျဉ်းမျှ ကြက်သွန်နီ တန်ချိန် ၈ သောင်းမှ ၁ သိန်းကျော်ထိ ပြည်ပသို့ တင်ပို့မှု ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏မိုးကြက်သွန် စိုက်ဧကတစ်သိန်းခုနှစ်သောင်းကျော်ရှိပြီး နှစ်စဥ်တန်ချိန်တစ်သန်းခန့်ထွက်ရှိ‌‌ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here