ဖိလစ်ပိုင်၌ အပူပိုင်းမုန်တိုင်းတိုက်ခတ်၍ ၁၁ ဦး ထက်မနည်း‌ေ-သ

0
87
This handout photo taken on September 1, 2024 and received from the Philippine Coast Guard (PCG) on September 2, 2024 shows rescue workers conducting operations following flooding brought by Tropical Storm Yagi at Allen, Northern Samar. - Floods and landslides killed 11 people after Tropical Storm Yagi dumped heavy rain on the Philippines for a second day, officials said on September 2. (Photo by Handout / Philippine Coast Guard (PCG) / AFP) /

မနီလာ၊စက်တင်ဘာ ၂

ဖိလစ်ပိုင်နိုင်ငံ၌ ယာဂီအမည်ရှိ အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် လူ ၁၁ ဦးထက်မနည်း‌ေ-သဆုံးခဲ့ပြီး ‌ေ-သဆုံးသူများထဲတွင် ကို-းလအရွယ် မိန်းကလေးပါပါဝင်ကြောင်းသိရသည်။

နာဂမြို့ အရှေ့ဘက်ခြမ်းတွင်လည်း တနင်္ဂနွေနေ့ညက တိုက်ခတ်ခဲ့သည့်မုန်တိုင်းကြောင့် ကမ်းလွန်ပင်လယ်ပြင်၌ အဆိုးရွားဆုံးမုန်တိုင်းဒဏ်ခံခဲ့ရပြီး ရေကြီးရေလျှံမှုကြောင့် ရေနစ်‌ေ-သဆုံးသည့် လသားအရွယ်ကလေးအပါအဝင် လူ ၂ ဦး ‌ေ-သဆုံးခဲ့သည်ဟုလည်း ကယ်ဆယ်ရေးသမားများကပြောကြားခဲ့သည်။

အချို့နေရာများ၌ ရေကြီး၍ တက်လာသော ရေသည် လူ့အရပ်ထက်မြင့်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်နေရပြီး လူ ၃၀၀ ထက်မနည်းသည် ကယ်ဆယ်ရေးစခန်းများ၌ရှိနေသေးကြောင်းသိရသည်။

တနင်္ဂနွေနေ့ကမူ စီးဗူးအလယ်ပိုင်း‌၌ မြေပြိုမှုနှစ်ခုကြောင့် လူနှစ်ဦး‌ေ-သဆုံးပြီး နေအိမ်ငါးလုံးပျက်စီးခဲ့ကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ်ရုံးကအေအက်ဖ်ပီသို့ပြောကြားခဲ့သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လူသုံးဦးသည်လည်း တနင်္လာနေ့က အန်တီပိုလို၏မြေပြိုမှုတွင် ‌ေ-သဆုံးသွားခဲ့ကြောင်း မြို့ ပြန်ကြားရေးအရာရှိကပြောကြားခဲ့သည်။

Source : အေပီ/အက်ဖ်အိတ်ခ်ျ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here