မြန်မာ ပိုက်ကျော်ခြင်း အမျိုးသမီး လက်ရွေးစင်အသင်း ငွေတံဆိပ်ဆု ဆွတ်ခူး

0
203

မြန်မာ ပိုက်ကျော်ခြင်း အမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့်အမျိုးသမီး ကွင်းသွင်းခြင်းခတ်ကစားနည်း (Women Hoop Event)မှ ငွေတံဆိပ်ဆု တစ်ခုကို ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း ယနေ့ စက်တင်ဘာ(၂)ရက်နေ့တွင် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က အသိပေးထုတ်ပြန်သည်။

မြန်မာအမျိုးသမီးအသင်းအ‌နေဖြင့် ရမှတ် (၇၀၀) ဖြင့် ငွေတံဆိပ်ဆုကိုရရှိခဲ့ခြင်းဖြစ်ကာ၊ ယနေ့ စက်တင်ဘာ (၂)ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေသည့် (၃၇)ကြိမ်မြောက် Thai King’s Cup ပိုက်ကျော်ခြင်း ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

ယနေ့ ပြိုင်ပွဲတွင် အမျိုးသား ပြိုင်ပွဲဝင် (၁၂) ယောက်နှင့် အမျိုးသမီး ပြိုင်ပွဲဝင် (၁၂) ယောက်အသင်းတို့အနေဖြင့် ဂျပန်နှင့် ထိုင်းအသင်းတို့ဖြင့် တွေ့ဆုံယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း လက်ရွေးစင် ကစားသမားများသည် ပြိုင်ပွဲအား စက်တင် ဘာလ (၁) ရက်နေ့မှ (၈) ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်


LEAVE A REPLY

Please enter your comment!
Please enter your name here