MNDAA၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာ

0
72

မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဟု နာမည်ကျော်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် အာရက္ခတပ်တော် (AA)တို့ (၃)ဖွဲ့အား အကြမ်းဖက်အဖွဲ့များအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၁ /၂၀၂၄) နှင့် (၂/၂၀၂၄) တို့ အရ အဆိုပါ အဖွဲ့များအား အကြမ်းဖက်အဖွဲ့များအဖြစ် ယနေ့ စက်တင်ဘာလ (၂) ရက် ညနေပိုင်းတွင် အမိန့်ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အမိန့်အမှတ် (၁/၂၀၂၄) ပါ ကြေညာချက်အရ MNDAA နှင့် TNLA တို့သည် အများပြည် သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စု ဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပ စ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်းလည်း ပြောကြားထားသည်။

ထိုသို့ လုပ်ဆောင်နေကြသည့်အတွက် ၎င်း အဖွဲ့ (၂) ဖွဲ့အား အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာလိုက်ကြောင်း ဖော်ပြထားသည်။

အလားတူ အာရက္ခတပ်တော် (AA)တို့အနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့နှင့် အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ(၁၁) ရက်တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေးထားသော်လည်း လက်ရှိတွင် အများပြည်သူ၏ လုံခြုံ ရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက် အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စ ည်းကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်ဆောင်ရွက်လျက်ရှိကြော င်း ယနေ့ ထုတ်ပြန်သည့် အမိန့်အမှတ် (၂/ ၂၀၂၄) တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကြောင့် အကြမ်းဖက်မှုတို က်ဖျက်ရေးဗဟိုအဖွဲ့၏ ၂၀၂၁ ခုနှစ် မတ်လ (၁၁) ရက် ရ က်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊(၁/၂၀၂၁)ဖြင့် ယင်းအဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လ ည် ရုပ်သိမ်းပေးခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here