သောင်ရင်းမြစ်ကိုဖြတ်၍ မြန်မာဘက်သို့ လိုင်းကြိုးခိုးသွယ်ရန်ကြိုးပမ်းနေသူအဖမ်းခံရ

0
262

သောင်ရင်းမြစ်ကို ဖြတ်၍ မြန်မာဘက်သို့ ဓါတ်အားလိုင်းနှင့် ဆက်သွယ်ရေးကေဘယ်လ်များ ခိုးသွယ်တန်းရန် ကြိုးပမ်းနေသည့် အမျိုးသားတစ်ဦးကို မဲဆောက်ခရိုင် သောင်ရင်းမြစ်ကမ်းနဘေးတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

လိုင်းကြိုးများကို မြစ်ပြင်ကိုဖြတ် သယ်ဆောင်ရန် ရည်ရွယ်ပုံရသည့် ရေအားသုံး ဒုံးပျံတစ်ခု အပါအဝင် အဆိုပါအမျိုးသားထံမှ ကိရိယာတန်ဆာပလာများ ကိုသိမ်းဆည်းရမိခဲ့သည်။

အသက် ၃၀ အရွယ် သံသယရှိသော ထိုင်းအမျိုးသား Jongrak Leela ကို Ban Mae Kid Mai ကျေးရွာ၏ နယ်စပ်မြစ်ကမ်းဘေးတွင် ထိုင်းစစ်သားနှင့် ရဲများပါဝင်သော ပူးပေါင်းအဖွဲ့က တနင်္ဂနွေနေ့ညနေပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သံသယရှိသူကို သံပိုက်လုံး ၁၆ လုံး၊ ဝါယာကြိုးဘီးလုံးကြီးများ၊ ဖိုင်ဘာကေဘယ်လ်ကြိုးများ၊ ရေဒုံးပျံတစ်ခု၊ လေစုပ်စက်တစ်ခု၊ စက်သီးကြိုးများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

အဆိုပါ အမျိုးသားသည် ရေအားသုံး ဒုံးပျံဖြင့် ဝါယာကြိုးများ၊ ဖိုင်ဘာကေဘယ်လ်များကို သောင်ရင်းမြစ်ပေါ် ဖြတ်ကျော်ပို့ဆောင်ကာ မြန်မာဘက်ခြမ်းရှိ သုံးစွဲသူများထံ လျှပ်စစ်ဓါတ်အားနှင့် အင်တာနက်ဝန်ဆောင်မှုများ ပေးပို့ရန် ရည်ရွယ်ခဲ့ခြင်းဟု တာဝန်ရှိသူများက ယုံကြည်ကြသည်။

သံသယရှိ အမျိုးသားကို မဲဆောက်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှု၊ အမှုဖွင့်အရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here