ရုရှားရဲ့ စပိုင်ဝေလငါး နော်ဝေတွင် အ‌ေ-သတွေ့

0
286

ထူးခြားသော သိုင်းကြိုးများကြောင့် ရုရှား၏ စပိုင်ဖြစ်နိုင်သည်ဟု သင်္ကာမကင်းခံထားရသော Hvaldimir ဟု အမည်ပြောင်ရ beluga ဝေလငါးအဖြူတစ်ကောင်ကို နော်ဝေနိုင်ငံ အနောက်တောင်ပိုင်းရေပြင်တွင် ‌ေ-သဆုံးလျက် တွေ့ရှိခဲ့သည်။

နော်ဝေတောင်ပိုင်း Risavika ပင်လယ်အော်ရေပြင်တွင် ပေါလောမျောနေသည့် ဝေလငါးအ‌ေ-သကောင်ကို တံငါသည် သားအဖနှစ်ဦးက စနေနေ့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု နော်ဝေရုပ်သံလွှင့်ဋ္ဌာန NRK က သတင်းဖော်ပြခဲ့သည်။

Hvaldimir သည် beluga ဝေလငါးတစ်ကောင်ဆိုရုံမျှသာမက မျှော်လင့်ချက်၏ မီးရှူးတန်ဆောင်၊ ချိတ်ဆက်မှု၏ သင်္ကေတတစ်ခုလည်းဖြစ်သကဲ့သို့ လူသားများနှင့် သဘာဝကမ္ဘာအကြား နက်ရှိုင်းသော နှောင်ကြိုးကို အမှတ်ရစေသူဖြစ်ကြောင်း ယင်းဝေလငါးများ၏ လှုပ်ရှားမှုကို ခြေရာခံနေသည့် အကျိုးအမြတ်မပါသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Marine Mind က ဆိုရှယ်မီဒီယာတွင် ပြောဆိုခဲ့သည်။

အမည်ပြောင် Hvaldimir ဆိုသည်မှာ ဝေလငါး၏ နော်ဝေအခေါ် hval နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ရှေ့အမည်တို့ကို ပေါင်းစပ်မှည့်ခေါ်ထားခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က နော်ဝေမြောက်ဖက်စွန်း ကမ်းရိုးတန်းတွင် Hvaldimir ကို ပထမဆုံး စတွေ့ခဲ့သည်။

“Equipment St Petersburg” ဟု စာသားရေးထိုးထားသည့် ကင်မရာတစ်လုံးတပ်ဆင်ထားသော လူလုပ်သိုင်းကြိုးကြောင့် စပိုင်ဝေလငါးတစ်ကောင်ဖြစ်သည်ဟူသော ထင်ကြေးပေးမှုများဖြစ်စေခဲ့သည်။

Hvaldimir သည် လှော-င်အိမ်မှ လွတ်မြောက်သွားခဲ့ခြင်းဖြစ်နိုင်ပြီး သူ၏ လူသားများနှင့် ယဉ်ပါးကျင့်သားရနေပုံပေါ်နေမှုက ရုရှားရေတပ်က လေ့ကျင့်ပေးထားခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။

အဆိုပါ ထင်မြင်ယူဆချက်များနှင့် ပတ်သက်၍မူ မော်စကိုက တုန့်ပြန်မှတ်ချက်ပေးမှုမျိုး လုံးလုံးမရှိခဲ့ပေ။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here