ဗင်နီဇွဲလားသမ္မတ၏ ဂျက်လေယာဉ်ကို ဖမ်းဆီးခဲ့ကြောင်း အမေရိကန်တရားရေးဌာန အတည်ပြု

0
180

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို၏ လေယာဉ်ကို အမေရိကန်က ဖမ်းဆီးခဲ့ကြောင်း အမေရိကန်တရားရေးဌာနက အတည်ပြုပြောကြားလိုက်သည်။

“ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို နှင့် ဗင်နီဇွဲလားရှိ သူနှင့်ဆက်နွှယ်သူ ခရိုနီများအကျိုးအတွက် ဆောင်ရွက်ပေးနေသော Dassault Falcon 900EX အမျိုးအစား လေယာဉ်တစ်စင်းကို ဖမ်းဆီးရမိခဲ့ကြောင်း တရားရေးဌာနက ယနေ့ကြေငြာသည်” ဟု အမေရိကန်တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

“ဒီလေယာဉ်ကို ဒိုမီနီကန်သမ္မတနိုင်ငံမှာ သိမ်းဆည်းရမိခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ပို့ကုန်ထိန်းချုပ်မှုနဲ့ ပိတ်ဆို့အရေးယူမှုဥပဒေတွေကို ချိုးဖောက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ တောင်းဆိုမှုအရ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းခရိုင်ကို လွှဲပြောင်းခဲ့ပါတယ်။”ဟုလည်း အမေရိကန်တရားရေးဌာနကပြောကြားသည်။

“နီကိုလပ်စ်မာဒူရိုနှင့် ၎င်း၏ခရိုနီများ အသုံးပြုရန်အတွက် အမည်ခံကုမ္ပဏီတစ်ခုထံမှ ဒေါ်လာ ၁၃ သန်းဖြင့် တရားမဝင်ဝယ်ယူကာ အမေရိကန်ပြည်ထောင်စုမှ မှောင်ခိုတင်သွင်းခဲ့သည်ဟူသော စွပ်စွဲချက်ခြင့် လေယာဉ်ကိုဖမ်းဆီးလိုက်ခြင်းဖြစ်သည် ” ဟု အမေရိကန် တရားရေးဌာနမှ ရှေ့နေချုပ် Merrick Garland က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here