မန္တလေး မြောက်ပြင်တွင်ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် တစ်ဦးဒဏ်ရာရ

0
86

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်း ယနေ့ စက်တင်ဘာ (၃)ရက် နံနက်အစောပိုင်း (၄)နာရီအချိန်ဝန်းကျင်တွင် ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်အချို့ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် ညောင်ကွဲရပ်ကွက် ၈ လမ်းနှင့် ၉ လမ်းကြား ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ လူနေအိမ်အပေါ်ထပ်သို့ ကျရောက် ပေါက်ကွဲကာ အသက် (၃၀)အရွယ် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အလားတူ လမ်း ၈၀၊ ၁၁ လမ်းနှင့် ၁၂ လမ်းကြား၊ အမရဌာနီ အနောက်ဘက် ကိုရီးယား အကြောပြင်ဆိုင် အပေါ်ဆုံးထပ်ပေါ် ကိုလည်း ရှော့တိုက်ဒုံးကျခဲ့ကာ ခေါင်မိုးလန် ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

ယနေ့ ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားရာနေရာများသည် မန္တလေး မြောက်ပြင်(တိရိစ္ဆာန်ရုံ သွားသည့်ဖက်)ရှိ ရပ်ကွက်များတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နှစ်အတွင်းကလည်း မန္တလေးမြို့လယ် ကျုံးဘေးအနီးရှိ အိမ်ရာတစ်ခုအတွင်း ရှော့တိုက်ဒုံးများနှင့်အတူ လူငယ်သုံးဦးကို လုံခြုံရေးအဖွဲများက ဝင်ရောက်ဖမ်းဆီးစဉ် နှစ်ဦးလွတ်မြောက်ကာ တစ်ဦးကို ဖမ်းဆီးရမိခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here