ဗင်နီဇွဲလားသမ္မတလေယာဉ် အမေရိက သိမ်းဆည်း

0
213

လေယာဉ်ကို ဝယ်ယူမှုသည် အမေရိက၏ ပိတ်ဆို့ဒဏ်ခတ်မှုများကို ချိုးဖောက်ခြင်းဖြစ်၍လည်းကောင်း၊ အခြားသော ရာဇဝတ် မကင်းသော ကိစ္စများကြောင့်လည်းကောင်း ဗင်နီဇွဲလား သမ္မတ နစ်ကလပ်စ် မာဒူရို၏ လေယာဉ်ကို အမေရိကန်ပြည်ထောင်စုက သိမ်းယူလိုက်ကြောင်း အမေရိကန် အရာရှိ နှစ်ဦးက ပြောသည်။ ၎င်း အရာရှိနှစ်ဦး၏ အဆိုအရ အဆိုပါလေယာဉ်ကို တနင်္လာနေ့တွင် ဖလော်ရီဒါသို့ မောင်းနှင်ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ယခုဖြစ်ရပ်သည် အမေရိကနှင့် ဗင်နီဇွဲလားတို့အကြား ကာလရှည်ကြာဆက်ဆံရေး အေးစက်နေချိန်တွင် နောက်ဆုံးပေါ်လာသည့် ဖြစ်ရပ်ဖြစ်သည်။ ဒိုမီနီကန်သမ္မတနိုင်ငံတွင်ရှိနေသာ လေယာဉ်ကို သိမ်းပိုက်ခဲ့ခြင်းသည် ဗင်နီဇွဲလားအစိုးရ၏ အကျင့်ပျက်ခြစားမှု ဆိုသည်များကို အမေရိက က ဆက်လက်စုံစမ်းစစ်ဆေးနေမှုကို အရှိန်မြှင့်လာ သော လုပ်ရပ်ဖြစ်သည်။

တာဝန်ရှိသူများက ဗင်နီဇွဲလား၏ သမ္မတစီးလေယာဉ်အဖြစ် အဲဖို့စ်ဝမ်းနှင့် တန်းတူသတ်မှတ်သော ယင်းလေယာဉ်သည် ကမ္ဘာတစ်ဝန်း မာဒူရို၏ နိုင်ငံတော်ခရီးစဉ်များတွင် အသုံးပြုထားခဲ့သည်ဟု သိရသည်။

ယင်းလုပ်ရပ်သည် ထိပ်ပိုင်းအဆင့်အထိ သတင်းစကားပါးခြင်းဖြစ်သည်ဟု အမေရိက အရာရှိတစ်ဦးက စီအင်န်အင်န်ကို ပြောသည်။ ရာဇဝတ်မှုများအတွက် ပြည်ပမှ နိုင်ငံတော်အကြီးအကဲတစ်ဦး၏ လေယာဉ်ကို သိမ်းယူခြင်းမျိုး မကြားဖူးကြောင်း၊ ယင်းသို့ အရေးယူခြင်း သည် ဥပဒေအထက်တွင် မည်သူမျှမရှိ ကြောင်း နှင့် အမေရိက၏ ပိတ်ဆို့ဒဏ်ခတ်မှုများကို ကျော်လွန်နိုင်သူ မရှိ ကြောင်း ကို မိမိတို့က ပြတ်သားစွာ သတင်းစကားပါးခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

နစ်ကလပ်စ် မာဒူရိုနှင့် သူ၏ ရောင်းရင်းများ အသုံးပြုရန်အတွက် အယောင်ပြ ကုမ္ပဏီတစ်ခု မှ တဆင့် ဒေါ်လာ ၁၃ သန်းဖြင့် တရားမဝင် ဝယ်ယူခဲ့ကာ အမေရိက၏ ပြင်ပသို့ ခိုးထုတ်သွားသော လေယဉ်တစ်စင်းကို တရားရေးဋ္ဌာနက သိမ်းယူခဲ့သည်ဟု အမေရိကန် ရှေ့နေချုပ် မာရစ်ဂါးလန်းက ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

Ref: စီအက်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here