အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွမည့်ရက်စွဲဇယားထွက်လာပြီ

0
81

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေး ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များသည် အောက်တိုဘာ (၃) ရက်မှ စတင်၍ အောက်တိုဘာ (၂၀)ရက်အထိ ရှေးအစဉ်အလာအတိုင်း (၂၁)ဌာနသို့ ၂၀၂၄ ခုနှစ်၏ ဒေသစာရီအပူဇော်ခံကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

“အစက ဒီနှစ် အမျိုးမျိုးကြောင့် မဖြစ်တော့ဘူးလို့ ပြောတာတွေရှိတယ်။ ကိုယ့်ရိုးရာဆိုတော့လေ ပြန်ကျင်းပမယ်ဆိုတော့လည်း ကြည့်ရဖူးရတာပေါ့” ဟု မန္တလေးမှ သွားရောက်မည့် အလှူရှင်တစ်ဦးက ပြောသည်။

အင်းလေး ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များသည် သီတင်းကျွတ် လဆန်း (၁) ရက်၊ အောက်တိုဘာ (၃)ရက်နေ့ နံနက် (၄)နာရီတွင် ဖောင်တော်ဦးကျောင်းတော်၌ ဒေသစာရီအပူဇော်ခံကြွချီခြင်း မင်္ဂလာအခမ်းအနားဖွင့်လှစ်ပြီးနောက် နံနက်(၇)နာရီတွင် အင်းတိန်ကြေးပေါခုံ ကျောင်းသို့ ကြွရောက်၍ ညကျိန်းအနေဖြင့် အပူဇော်ခံတော်မူမည် ဖြစ်သည်။

အောက်တိုဘာ (၄) ရက်နံနက်မှ စတင်ကာ ကြေးပေါခုံကျောင်း- အင်းတိန်စံကျောင်း- ဟဲယားရွာမစံကျောင်းများသို့ကြွချီကာ ညကျိန်းအနေဖြင့် (၂) ည အပူဇော်ခံမည်ဖြစ်သည်။

အောက်တိုဘာ (၆)ရက်နံနက်ပိုင်းတွင် ဟဲယာရွာမစံကျောင်းမှ ငါးဖယ်ချောင်းကျောင်းတွင် ညကျိန်းကာ အောက်တိုဘာ (၇) ရက်၌ ငါးဖယ်ချောင်းကျောင်းမှ ထွက်ခွာပြီး ကြေးစားကျောင်းတွင် ညကျိန်း အပူဇော်ခံသွားမည်ဖြစ်သည်။

အောက်တိုဘာ (၈) ရက်တွင် ကြေးစာကျောင်းမှ ပွဲစားကုန်းကျောင်း- လင်းကင်းကျောင်း၊အောက်တိုဘာ(၉)ရက်တွင် လင်းကင်းကျောင်းမှ ညောင်ရွှေမြို့ကျောင်းတော်သို့ကြွချီ၍ (၃) ရက်ညကျိန်းအပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၁၂) ရက်၌ ညောင်ရွှေမြို့ကျောင်းတော်မှ နန်းသဲကျောင်း- မိုင်းသောက်ကျောင်း၊ အောက်တိုဘာ (၁၃) ရက်တွင် မိုင်းသောက်ကျောင်းမှ သလဲဦးကျောင်းသို့ ကြွချီကာ ညကျိန်းမည်ဖြစ်ပြီး အောက်တိုဘာ (၁၄)ရက်၌ သလဲဦးကျောင်း-ကေလာကျောင်း- ဇရပ်ကြီးကျောင်းသို့ကြွရောက်၍ ညကျိန်းမည် ဖြစ်သည်။

အောက်တိုဘာ(၁၅)ရက်တွင် ဇရပ်ကြီးကျောင်း-အလိုတော်ပေါက် တောင်ကျောင်း- နမ့်ပန်ကျောင်း၊ အောက်တိုဘာ (၁၆)ရက်တွင် နမ့်ပန်ကျောင်း- မကျည်းဆိပ်ကျောင်း -ကျိုက်ခမ်ကျောင်း၊ အောက်တိုဘာ (၁၇) ရက်တွင် ကျိုက်ခမ်ကျောင်းမှ မိုင်းပျိုကျောင်း၌ ညကျိန်းအဖြစ်အပူဇော်ခံသွားမည်ဖြစ်သည်။

အောက်တိုဘာ (၁၈) ရက်တွင် မိုင်းပျိုကျောင်း-နောက်တောကျောင်း၊ အောက်တိုဘာ (၁၉)ရက်၌ နောင်တောကျောင်း- အင်ပေါခုံကျောင်း – ရေသာကျောင်း နှင့် အောက်တိုဘာ (၂၀) ရက်တွင်မူ ရေသာကျောင်းမှ ဖောင်တော်ဦးကျောင်းတော်သို့ ပြန်လည်ကြွချီတော်မူမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here