နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ဖြင့် ရနောင်းဘက်သို့သွားခွင့်မပြုတော့ဟုဆို

0
193

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့စက်တင်ဘာ ၂ ရက်မှစတင်ပြီး နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ဖြင့်သွားခွင့်မပြုတော့ဘဲ ပတ်စ်ပို့စာအုပ်ဖြင့်သာ သွားခွင့်ပြုတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

” ဘာကြောင့်ပိတ်တာလဲဆိုတာတော့ မပြောတတ်ဘူး။ မနေ့ကဆို ရနောင်းဘက်ကိုသွားဖို့ လဝကရုံးမှာ လာတန်းစီတာတွေရှိတယ်။ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်တွေနဲ့ပေးမဖြတ်တော့ဘူးပြောတယ်။ အကြောင်းအရင်းတော့မသိရဘူး။ ပေးမဖြတ်တော့ ဒီတိုင်းပဲပြန်လာရတယ်။ သူတို့ပြန်ဖွင့်တယ့်အချိန်မှသွားရမှာပေါ့” ဟု ရနောင်းမြို့သို့သွားရောက်မည့်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အလားတူ PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှတစ်ဆင့်ထိုင်းနိုင်ငံဘက်ဝင်ရောက်သူများကို သွားခွင့်မပြုတော့ဘဲ မြဝတီရဲတပ်ဖွဲ့က တားဆီး၍ ပြန်လွတ်နေမှုများရှိနေကြောင်းလည်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်မူ PV နိုင်ငံကူးလက်မှတ်ကိုင် နိုင်ငံသားများအနေဖြင့် အလည်အပတ်သွားရောက်ရန် လိုအပ်သော အပြန်လေယာဉ်လက်မှတ်၊ သွားရောက်လည်ပတ်မည့်နိုင်ငံတွင် တည်းခိုနေထိုင်မည့် Hotel Booking ၊ လည်ပတ်ရန်နေထိုင်စဉ်သုံးစွဲမည့် လုံလောက်သောငွေကြေး(Show Money) များပါရှိမှု ရှိ/မရှိစိစစ်ပြီးပါက အမှန်တကယ်အလည်အပတ်သွားရောက်မည့်သူများ၊ ပြည်ပနိုင်ငံများတွင် ဆေးကုသရန် သွားရောက်မည့်သူ/ဆေးကူဖော်နှင့်လူမှုရေးကိစ္စဆောင်ရွက်မည့်သူများကို ထွက်ခွာခွင့်ပြုလျက်ရှိကြောင်း သိရသည်။

အလည်အပတ်သွားရောက်ရန် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများကို သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားအခွင့်အရေးများရရှိရန် passport for job (PJ) အမျိုးအစားနိုင်ငံကူးလက်မှတ်လျှောက်ထားရယူ၍ အလုပ်သမားဝန်ကြီးဌာန‌တွင် ပြည်ပသို့ထွက်ခွာအလုပ်လုပ်ကိုင်နိုင်ရန်အတွက် OWIC လျှောက်ထားရယူကာ တရားဝင်ပြည်ပထွက်ခွာအလုပ်
လုပ်ကိုင်ခွင့်ပြုလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here