အင်းလေးတွင် ဘုရားရင်ပြင်အထိ ရေဝင်ရောက်နေ

0
67

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တွင် ရေဝင်ရောက်မှုများကာ ဖောင်တော်ဦးဘုရား ရင်ပြင်ပေါ်အထိ ရေဝင်ရောက်နေကြောင်း သိရသည်။

ထိုကဲ့သို့ ရေဝင်ရောက်မှုကြောင့် ဘုရားအနီးရှိ စျေးဆိုင်များ၊ စျေးသည်များ ရောင်းချရမှု ယာယီပိတ်ထားသလို ဘုရားပွဲကျင်းပမည့် အချိန်မှသာ ပြန်လည်ရောင်းချပေးမည့် ဆိုင်များလည်း ရှိနေသည်။

“ဧည့်သည်က သိပ်မလာတော့ အရောင်းပါးတယ်၊ ရေကလည်းတက်တော့ အခုတော့ ပျဉ်ပြားတွေ ခင်းထားတယ်၊ ဖောင်တော်ဦးပွဲ အခြေအနေကိုကြည့်အုံးမယ်” ဟု စျေးသည်တစ်ဦးက လူမှုကွန်ယက်စာမျက်နှာတွင် ဖောင်တော်ဦးဘုရားရင်ပြင်ထိ ရေဝင်ရောက်နေပုံကို မျှဝေထားသည်။

လက်ရှိတွင် ဖောင်တော်ဦးဘုရား နတ်မင်းကြီး ၄ ပါး ရုပ်ထုအထိ ရေဝင်ရောက်နေကြောင်း သိရပြီး ဖောင်တော်ဦးဘုရား လှေဆိပ်ကိုလည်း ထပ်မြှင့်ထားကြောင်း သိရသည်။

နောက်ဆက်တွဲအနေဖြင့် ဖောင်တော်ဦး ဘုရားအနီးတစ်ဝိုက်ရှိ ကျေးရွာများမှာလည်း အိမ်အောက်ထပ်များမှာ ရေဝင်ရောက်လျက်ရှိိကြောင်း သိရသည်။

အင်းလေးတွင် စံချိန်တင်ရေကြီးမှုကို ၂၀၀၅ ခုနှစ်က ကြုံခဲ့ရကာ ထိုစဉ်ကလည်း ရင်ပြင်ပေါ်အထိ ရေများဝင်ရောက်ခဲ့ဖူးသည်။

ထိူ့အပြင် အင်းလေး ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များကို အောက်တိုဘာ (၃) ရက်မှ စတင်၍ အောက်တိုဘာ (၂၀)ရက်အထိ ရှေးအစဥ်အလာအတိုင်း (၂၁)ဌာနသို့ ဒေသစာရီအပူဇော်ခံကြွရောက်မည့် အစီအစဉ်လည်း ရှိနေသည်။

Photo- credit


LEAVE A REPLY

Please enter your comment!
Please enter your name here