ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကိုပုံမှန်အတိုင်း ကျင်းပမည်

0
47

မြန်မာနိုင်ငံတဝှမ်းထင်ရှားကျော်ကြားသော မြတ်ဗုဒ္ဓ၏ စွယ်တော်ပွားတစ်ဆူဖြစ်သည့် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ကိန်းဝပ်စံပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်အား ရဟန်းရှင်လူ ပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် (၁၂၇) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကို အစဉ်အလာမပျက် ဆင်ယင် ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

ပေါင်းတည်မြို့နယ် သိကျမုနိမိုဃ်းကောင်းဘုရားကြီးတိုက် ဂန္ဓကုဋိရွှေတိုက်တော်အတွင်း ကိန်းဝပ်စံမြန်း လျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်အား နှစ်စဉ်အပူဇော်ခံမြဲဖြစ်သော တော်သလင်းလဆန်း (၁၃) ရက်မှ (၁၅) ရက်အထိ (၃)ရက်တိုင်တိုင် အပူဇော်ခံမည်ဖြစ်သည်။ 

ထိုနေ့ (၃)ရက်တာအတွင်း နံနက် (၈)နာရီမှ ညနေ (၄) နာရီအထိ အပူဇော်ခံမည်ဖြစ်ပြီး တော်သလင်းလဆန်း (၁၄) ရက်၊ (၁၅) ရက်တို့တွင် မြတ်စွယ်တော်အား ဖုံးအုပ်ထားသော ရတနာ စိန်ကြုတ်တော်ကို ဖွင့်လှစ်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here