မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် စက်လှေ မဲခေါင်မြစ်အတွင်း တိမ်းမှော-က်ရာမှ ၃၀ ဦး ပျောက်ဆုံးနေ

0
68

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရွှေတြိဂံဒေသဟုခေါ်ဆိုသည့် မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံဆုံရာ မဲခေါင်မြစ်အတွင်း ယမန်နေ့ စက်တင်ဘာ (၂)ရက် မွန်းလွဲပိုင်းအချိန်၌ မြန်မာရွှေ့ပြောင်းလုပ်သားများတင်ဆောင်လာသည့် စက်လှေတစ်စီးတိမ်းမှေ-ာက်ခဲ့ကြောင်း သိရသည်။

စက်လှေတိမ်း‌မှော-က်မှုကြောင့် လှေပေါ်ပါ မြန်မာလုပ်သား (၄၀)ဦးအနက် (၁၀)ဦးသာ ကယ်ဆယ်နိုင်ခဲ့ပြီး၊ (၃၀)ဦးပျောက်ဆုံးနေကြောင်း ကနဦး သိရသည်။

တိမ်းမှော-က်ခဲ့သည့် စက်လှေသည် လာအိုနိုင်ငံ၊ ဝေါ်ကျောက်ခရိုင်၊ Tung Phai မြို့နယ်၊ ရွှေတြိဂံစီးပွားရေးဇုန်မှ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ရှိ နမ့်ဟုတ်သင်္ဘောဆိပ်သို့ ထွက်ခွာလာခြင်းဖြစ်သည်ဟု ရှမ်းအရှေ့ Tai Shan သတင်းစဉ်က ရုပ်သံဗွီဒီယိုဖိုင်နှင့်တကွ မျှဝေထားသည်ကိုတွေ့ရသည်။

ထို ဖြစ်စဉ်မှာ မြန်မာနိုင်ငံသားများသယ် ဆောင်လာသည့် အဆိုပါ စက်လှေသည် မဲခေါင်မြစ်အလယ်သို့ ရောက်ရှိချိန်၌ ရုတ်တရက်စက်ရပ်သွားရာမှ ရေစီးဖြင့် မျောပါကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှော-က်သွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လာအိုနိုင်ငံအာဏာပိုင်များက နိုင်ငံအတွင်း တရားမဝင် အလုပ်သားများကို စစ်ဆေးဖမ်းဆီးနေပြီးအလုပ်သမားပါမစ်မရှိသူများက စက်လှေဖြင့် မဲခေါင်မြစ်ကိုဖြတ်၍ မြန်မာနိုင်ငံဘက်သို့ ပြန်လည် တိမ်းရှောင်ကြခြင်းများရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here