ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၆၀၀၀ ကျော်ရှိ

0
319

ကိုရီးယားနိုင်ငံတွင် နောက်တစ်ကြိမ်သွားရောက်အလုပ်လုပ်ကိုင်
နိုင်စေရန် သီးသန့်ပြုလုပ်ပေးခဲ့သည့် အရည်အချင်းစစ် အထူးသီးသန့် စာမေးပွဲ‌တွင် ဝင်ရောက်ဖြေဆိုသူ ၆၀၁၁ ဦးရှိကြောင်း သိရသည်။

အဆိုပါစာရင်းကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ ထုတ်ပြန်ထားပြီး တောင်ကိုရီးယားနိုင်ငံတွင် သုံးနှစ်နှင့်အထက်လုပ်ကိုင်ခဲ့ကာ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိနေသူများအတွက် ရည်ရွယ်ကျင်းပသည်ဟုသိရသည်။

Special EPS စာမေးပွဲဖြေဆိုခွင့်ရှိသူများ၏ ဝင်ခွင့်စာရင်းကို စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တွင်လက်ခံသွားမည်ဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိစာမေးပွဲကို ကျင်းပပေးသွားမည်ဖြစ်ကာ ၈ ရက်နေ့တွင် အောင်စာရင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၇၀,၀၀၀ကျော်ရောက်ရှိလုပ်ကိုင်နေသလို လစဥ်လုပ်သားရာနှင့်ချီထွက်ခွာနေကြောင်း သံရုံးမှထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here