ရှမ်းပြည်နယ်‌ မြေလွတ်၊ မြေရိုင်းများတွင် စိုက်ပျိုးလိုပါကခွင့်ပြုပေးသွားမည်

0
268

ရှမ်းပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေရိုင်းများတွင် ‌ဈေးကွက်ဝင် ရာသီသီးနှံများ စိုက်ပျိုးရန် လျှောက်ထားလာပါက အမြန်ဆုံး စိစစ်ထောက်ခံခွင့်ပြုပေးသွားမည်ဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် က ပြောကြားသည်။

စက်တင်ဘာလ (၂) ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) ကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မြေလွတ်၊ မြေရိုင်းများအား ရာသီသီးနှံ၊ နှစ်ရှည်၊ ကော်ဖီ၊ မက္ကာဒေးမီးယား၊ ထောပတ်နှင့်အခြား ‌ဈေးကွက်ဝင် ဥယျာဉ်သီးနှံများ စိုက်ပျိုးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှောက်ထားလာပါက အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အနေဖြင့် လယ်ယာမြေ ဥပဒေနည်း ဥပဒေ၊ မြေလွတ်၊ မြေရိုင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံး ဆုံးဖြတ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားရယူခွင့်ပြုပေးနေကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here