အလင်းဝင်သည့် PDF များ ရှိလာဟု ရပခ တိုင်းမှူး ပြော

0
279

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း PDF များ အလင်းဝင်ရောက်လာမှုများရှိ‌လာသည်ဟု တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ် က
စက်တင်ဘာ(၃)ရက် နေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နစက ဥက္ကဠတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်စစ်ဆေးစဉ်တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် KNPP ၊ KNDFအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်မြို့နှင့် အခြားမြို့များအား ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ပေးနေပြီး နယ်မြေလုံခြုံရေးပြုလုပ်စဉ် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ကိုလည်း ရှင်း လင်းတင်ပြခဲ့သည်။

ထို့အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိမှုများအပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် လမ်းတံတားများ လုံခြုံရေးအတွက် ဆောင်ရွက်
လျက်ရှိနေကြောင်း တင်ပြခဲ့သည်ဟု သိရသည်။

ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်
ရောက်လာပါက တိုင်းဒေသကြီးနှင့်ပြည်နယ်
အသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိသည်ဟုလည်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here