တုကီယေးက BRICS အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်း

0
73

အန်ကာရာ၊စက်တင်ဘာ ၄

တုကီယေးသည် ထွန်းသစ်စဈေးကွက်နိုင်ငံများအုပ်စု BRICS အဖွဲ့ဝင်ဖြစ်ရေးကို ကြိုးပမ်းနေကြောင်း သမ္မတအာဒိုဂန်၏ အာဏာရပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

“သမ္မတအနေနဲ့ ကျွန်တော်တို့နိုင်ငံ BRICS အဖွဲ့ဝင်ဖြစ်ရေးအတွက် တောင်းဆိုထားတာကြာပါပြီ၊အခုဆိုရင်တော့ အဖွဲ့ဝင်အဖြစ်လက်ခံရေးအတွက် လုပ်ဆောင်ချက်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်” ဟု လက်ရှိအာဏာရပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

BRICS ၏ အဓိပ္ပာယ်မှာ ဘရာဇီးလ်၊ရုရှား၊အိန္ဒိယ၊တရုတ် နှင် တောင်အာဖရိက တို့၏ အတိုကောက်စာလုံးများဖြစ်ပြီး ထွန်းသစ်စနိုင်ငံများအတွက် စီးပွားရေးရင်းနှီးမြှုပ်နှံသည့်နိုင်ငံများအနေဖြင့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများက စတင်ခဲ့ခြင်းလည်းဖြစ်သည်။ စတင်စဉ်က တောင်အာဖရိက မပါသေးပေ။

ယင်းသို့ဖွဲ့စည်းပြီးတစ်နှစ်အကြာတွင် တောင်အာဖရိကသည်လည်း BRICS နှင့်ပူးပေါင်းခဲ့သကဲ့သို့ ဆော်ဒီအာရေးဗျ၊အာဂျင်တီးနား၊အီဂျစ်၊အီသီယိုးပီးယား၊အီရန်နှင့်အာရပ်စော်ဘွားများပြည်ထောင်စုတို့သည်လည်း ယခုနှစ်အစောပိုင်းက ထပ်မံပါဝင်ပူးပေါင်းခဲ့ကြသည်။

Source : သည်အိတ်စ်ပရက်စ်ထရီဗျူး


LEAVE A REPLY

Please enter your comment!
Please enter your name here