တစ်လအတွင်း ရွှေတိဂုံစေတီတော်သို့ လှူဒါန်းငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် လာရောက်လှူဒါန်း

0
77

၂၀၂၄ ခုနှစ် ဇူလိုင် (၁) ရက်မှ သြဂုတ် (၃၁) ရက်အထိ ရွှေတိဂုံစေတီတော်သို့ ငွေသားအလှူရှင် (၁၀၃) ဦး အပါအဝင် လှူဒါန်းငွေ စုစုပေါင်း ၂၀၇၈၃၂၀၅၉၇ ကျပ် (ကျပ်သိန်းပေါင်း နှစ်သောင်း ခုနစ်ရာ ရှစ်ဆယ့်သုံးသိန်း နှစ်သောင်း ငါးရာ ကိုးဆယ့် ခုနစ်တိတိ) ရရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားရှိသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က (၅၈၈)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို စက်တင်ဘာ (၃)ရက် မွန်းလွဲ (၁) နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေး အဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ သ•စ•အ ဓမ္မာစရိယပါဠိပါရဂူ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါ စရိယ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ(ယောဆရာတော်)ထံမှ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက် တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။

ထိုအလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင် ၂၀၂၄ ခုနှစ် ဇူလိုင် (၁) ရက်မှ သြဂုတ် (၃၁) ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြား (၆) ကျပ်သား (၉) ချပ်၊ (၃) ကျပ်သား (၇) ချပ်နှင့် တစ်ကျပ်သား (၉၆) ချပ် စုစုပေါင်း ရွှေစင် ရွှေပြား (၁၁၂) ချပ်ကိုအလှူရှင် (၉၀)ဦး က လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၁၀၃) ဦး အပါအဝင် လှူဒါန်းငွေ စုစုပေါင်း ၂၀၇၈၃၂၀၅၉၇ ကျပ် (ကျပ်သိန်းပေါင်း နှစ်သောင်း ခုနစ်ရာ ရှစ်ဆယ့်သုံးသိန်း နှစ်သောင်း ငါးရာ ကိုးဆယ့် ခုနစ်တိတိ) ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here