စစ်သုံးပစ္စည်း ကန်ဒေါ်လာ ၁၇ ဘီလျံဖိုး အိန္ဒိယဝယ်မည်

0
220

တိုက်ခိုက်ရေးယာဉ်များ၊ လေယာဉ်များနှင့် ကင်းလှည့်ရေယာဉ်များ အပါအဝင် စစ်သုံးပစ္စည်း ရူပီး ၁.၄၅ ထရီလျံယံဖိုး( အမေရိကန်ဒေါ်လာ ၁၇.၃ ဘီလျံဖိုး) ဝယ်ယူမည့် အဆိုပြုချက် ၁၀ ခုကို အိန္ဒိယနိုင်ငံ ကာကွယ်ရေးပစ္စည်းဝယ်ယူစုဆောင်းရေးကောင်စီက (ဒီအေစီ) အင်္ဂါနေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ဝယ်ယူမည့် စစ်သုံးပစ္စည်းများ၏ ၉၉ ရာခိုင်နှုန်းသည် ပြည်တွင်းအရင်းအမြစ်များထံမှ ဖြစ်လိမ့်မည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

အိန္ဒိယစစ်တပ်သည် သံချပ်ကာတပ်များ ခေတ်မီစေရေး အတွက်ရူပီး ကုဋေ ၆၀၀၀၀ ကုန်ကျမည့် FECV အစီးရေ ၁၇၇၀ (အနာဂတ် တိုက်ပွဲဝင်တင့်ကားဖြစ်လာမည့် အမျိုးအစား) ဝယ်ယူမည့်အစီအစဉ်ကိုလည်း ထည့်သွင်းထားသည်။

တင့်ကားတပ်များ ခေတ်မီတိုးတက်စေရေးအတွက် FRCV များဝယ်ယူရေး အဆိုပြုချက်ကို အတည်ပြုခဲ့ပြီဖြစ်ကြောင်း ၎င်းယာဉ်များသည် သာလွန်ရွေ့လျားနိုင်မှု၊ မြေပြင်အနေအထားအားလုံးတွင် အသုံးပြုနိုင်မှု၊ အလွှာပေါင်းစုံ ကာကွယ်မှု၊ တိကျမှု၊ စွမ်းအားမြင့် ပစ်ခတ်မှု၊ အခြေနေအပေါ် မူတည်၍ အချိန်နှင့်တပြေးညီ အကဲဖြတ်နိုင်မှုတို့ဖြင့် အနာဂတ်၏ တိုက်ပွဲဝင် ပင်မတင့်ကားဖြစ်လာမည်ဟု ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

ဝေဟင်ပစ်မှတ်များကို ထောက်လှမ်း၊ ခြေရာခံ၊ ထိတွေ့ချေမှုန်းရန်အတွက် လေကြောင်းရန်ကာကွယ်ရေး ထိန်းချုပ်ရေးရေဒါများ ဝယ်ယူမှုကိုလည်း ဒီအေစီ က အတည်ပြုခဲ့သည်ဟု ဝန်ကြီးဋ္ဌာနက ပြောဆိုသည်။ ထို့အပြင် သံချပ်ကာနှင့် ယန္တရားတပ်များအတွက် နိုင်ငံဖြတ်ကျော်သွားလာကာ ပြင်ဆင်မှုများလုပ်ဆောင်နိုင်မည့် စက်ပစ္စည်းများ ဝယ်ယူမှုကိုလည်း အတည်ပြုပေးခဲ့သည်ဟု သိရသည်။

Ref: Report AZ, daily observer


LEAVE A REPLY

Please enter your comment!
Please enter your name here