ရာထူးမှနှုတ်ထွက်ခဲ့သည့်ဂျပန်ဝန်ကြီးချုပ် တောင်ကိုရီးယားသွားမည်

0
73
South Korean President Yoon Suk Yeol (R) shakes hands with Japanese Prime Minister Fumio Kishida during a meeting at the Presidential Office in Seoul on May 26, 2024. - The premiers of China and Japan arrived in Seoul on May 26 for their first trilateral summit in five years, which is expected to focus on economic issues rather than sensitive geopolitics. (Photo by Ahn Young-joon / POOL / AFP)

ဆိုးလ်၊စက်တင်ဘာ ၃

ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါသည် ရာထူးမှမနှုတ်ထွက်မီ ၎င်း၏လက်ထက်၌ တောင်ကိုရီးယားနှင့် နှစ်နိုင်ငံဆက်ဆံရေးကို သိသိသာသာမြှင့်တင်ခဲ့ပြီးနောက် လာမည့် စက်တင်ဘာ ၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စုအတွက် လုံခြုံရေးဆိုင်ရာ အဓိကမဟာမိတ်များဖြစ်သည့် ၎င်းတို့နှစ်နိုင်ငံသည် ၁၉၁၀ ပြည့်နှစ်နှင့် ၁၉၄၅ ခုနှစ်ကာလများအတွင်းက ဂျပန်က ကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီ နယ်များအဖြစ် သိမ်းပိုက်ခဲ့စဉ်က ကိုရီးယားနိုင်ငံသားများ ကို လိ-င်ကျွ-န်ပြုခြင်းနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုများနှင့်ပတ်သက်၍ မကျေလည်ဖြစ်နေခဲ့ကြသည်မှာကြာပြီဖြစ်သည်။

သို့သော် တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်လက်ထက်၌ ယိုယွင်းနေသည့်နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းကာ မြောက်ကိုရီးယား၏ရန်ပြုလာနိုင်သည့်အခြေအနေအတွက် ကာကွယ်ရေးမဟာမိတ်များဖြစ်အောင်ကြိုးပမ်းခဲ့ပြီး ၂၀၂၃ ခုနှစ်ကလည်းတိုကျိုသို့သွားရောက်ခဲ့သေးသည်။

“ဂျပန်နဲ့တောင်ကိုရီးယားတို့ဟာ နိုင်ငံတကာပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းရာမှာ အရေးကြီးတဲ့ မိတ်ဖက်တွေအဖြစ်လက်တွဲလုပ်ဆောင်သင့်ပါတယ်” ဟုလည်း ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရသူ မစ္စတာ ယိုရှီမာဆာဟာယရှိကပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါသည် လာမည့်ရွေးကောက်ပွဲ၌ LDP ပါတီကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဘဲ ၎င်း၏ ဝန်ကြီးချုပ်သက်တမ်းသည်လည်း ယခုလတွင်ကုန်ဆုံးမည်ဖြစ်သည်။

သို့သော် တောင်ကိုရီးယားနှင့်နှစ်နိုင်ငံဆက်ဆံရေးကိုမူ ဆက်လက်ထိန်းသိမ်းထားကာ နောင်တက်မည့်အစိုးရသစ်လက်ထက်အထိ ပူးပေါင်းဆောင်ရွက်လိုကြောင်းတွေ့ဆုံဆွေးနွေးရန် သမ္မတယွန်းထံသွားရောက်တွေ့ဆုံခြင်းဖြစ်သည်ဟုလည်းဆိုသည်။

Source : အေအက်ဖ်ပီ/ဒီဝိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here