ဟားမတ်စ်ခေါင်းဆောင်များကို အမေရိကတရားစွဲ

0
256
Head of the political wing of the Palestinian Hamas movement in the Gaza Strip Yahya Sinwar attends a rally in support of Jerusalem's al-Aqsa mosque in Gaza City on October 1, 2022. (Photo by MAHMUD HAMS / AFP)

ဝါရှင်တန်၊စက်တင်ဘာ ၄

ယမန်နှစ်အောက်တိုဘာလ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟားမတ်စ် တို့က စစ်ဆင်ရေးလုပ်ခဲ့သဖြင့် လူအ‌ေ-သအပျောက်များခဲ့သည့်ကိစ္စကို စီစဉ်ခြင်း၊ပံ့ပိုးကူညီခြင်းနှင့်ကျူးလွန်ခြင်းများနှင့်ပတ်သက်၍ ဟားမတ်စ်ခေါင်းဆောင်များကို အမေရိက သည် ရာဇဝတ်မှုဆိုင်ရာစွဲချက်တင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံသား ၄၀ ကျော်‌ေ-သဆုံးခဲ့ပြီး လူပေါင်း ၁,၂၀၀ ကျော်‌ေ-သဆုံးခဲ့မှုကြောင့် ဟားမတ်စ်စစ်သွေးကြွအဖွဲ့၏အကြီးအကဲ Yahya Sinwar အပါအဝင် ခေါင်းဆောင် ၅ ဦးထက်မနည်းကို ယခု ကဲ့သို့ တရားစွဲခဲ့ခြင်းဖြစ်သည်။

ဟားမတ်စ်တို့၏ အဆိုပါတိုက်ခိုက်မှုကို အစ္စရေးဘက်က လက်တုန့်ပြန်သဖြင့် ပါလက်စတိုင်းဒေသခံ ၄၀,၈၀၀ ဦးထက်မနည်း‌ေ-သဆုံးကာ ဂါဇာကမ်းမြောင်ဒေသ၌ ပျက်စီးဆုံးရှုံးမှုများလည်းဖြစ်ပေါ်စေခဲ့သည်။ အမေရိကဘက်မှ စွဲချက်တင်ထားသော တရားခံခြောက်ဦးအနက် သုံးဦးမှာ‌ေ-သဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ကျန်သုံးဦးမှာ ဂါဇာ၌ပုန်းအောင်းနေသည်ဟုယူဆရသည့် Sinwar ၊ဒိုဟာ၌အခြေစိုက်ပြီး အဖွဲ့အားဦးဆောင်နေသည့် Khaled Meshaal နှင့် လက်ဘနွန်အခြေစိုက် ဟားမတ်စ်အကြီးတန်းအရာရှိ Ali Baraka တို့ဖြစ်ကြကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here