ဈေးဝယ်စင်တာများတွင် စားသုံးဆီအပြင်ထက်သက်သာ၍ဝယ်ယူမှုကို ကန့်သတ် ရောင်းချပေးနေ

0
329

ရန်ကုန်မြို့ ဈေးဝယ်စင်တာများရှိ စားသောက်ကုန် အရောင်းတန်းများတွင် စားသုံးဆီဝယ်ယူမှုကို လူတစ်ဦးလျှင် ဆီတစ်ဘူးသာဝယ်ယူရန် အကန့်သတ်ဖြင့် ရောင်းချပေးနေကြောင်း ကိုယ်တိုင်ကြုံရသူများက ထံကသိရသည်။

“အဓိကက စီးတီးမတ်မှာ ပြင်ပဈေးထက်သက်သာတာ၊ ဆီရောင်းဖို့တင်ထားတဲ့စင်တွေမှာ ဆီဘူးတင်လိုက်တာနဲ့ ကုန်တာမြန်တယ်” ဟု ရန်ကုန်မြို့၊ တာမွေမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။
 
ရန်ကုန်မြို့တွင် စားသုံးဆီဈေးများ ဈေးမြင့်နေပြီး ပြင်ပဈေးကွက်တွင် ဆီအမျိုးအစားအလိုက် တစ်ပိဿာကို ၁၅,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေသည်။

ထိုအချိန်တွင် စူပါမားကတ်အချို့၌ ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီဘူးများသည် ၅၀ သား တစ်ဘူးလျှင် ပြင်ပဈေးထက် လေးထောင်ကျပ်နီးပါး သက်သာနေခြင်းဖြစ်သည်။

ထို့ကြောင့်လည်း စင်တာများတွင် စားသုံးဆီရောင်းချမှုသည် အကုန်မြန်ပြီး ထိန်းရောင်းနေရခြင်းဖြစ်ကြောင်း စီးတီးမတ်အရောင်းဆိုင် တာဝန်ခံတစ်ဦးက ပြောသည်။

“တချို့က ပြင်ပထက် သက်သာတယ်ဆိုပြီး တစ်ယောက်ထဲ ဆယ်ဘူးလောက်ထိ ယူနေတာ၊ အများကိုရောင်းပေးချင်တာမို့ သေချာကြည့်ထားရတယ်။ ငွေရှင်းကောင်တာရောက်လို့ တစ်ဦးတည်း နှစ်ဘူးထက်ပိုယူရင်လည်း ပြန်သိမ်းပါတယ်လို့” စီးတီးမတ်အရောင်းဆိုင် တာဝန်ခံတစ်ဦးက ပြောသည်။

အချို့ ဆိုင်ကြီးများတွင်သွင်းကုန်များအား member ဖြစ်သည့် ဝယ်သူများသာ ၂ခု ယူနိုင်ကြောင်း စာများကပ်ထားသည်။

ရပ်ကွက်များတွင်ယခုလမှစတင်ပြီး စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း သမဝါယမစာအုပ်ဖြင့် ဝယ်ယူခွင့်ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ဖြစ်သည်။

ရန်ကုန်ရှိ မြို့နယ်တချို့တွင် ဆီထုတ်ယူရမည့် စာအုပ်များကို သန်းခေါင်စာရင်း၊ မှတ်ပုံတင် မတောင်းဘဲ တအိမ်ထောင်ကို တအုပ်နှုန်းဆီ ဝယ်ခွင့်စာအုပ်များ လိုက်လံပေးဝေနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here