အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲမြန်မာအမျိုးသမီးအသင်း တိုက်ရိုက်ဝင်ခွင့်ရ

0
67

၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် ခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားရန်မလိုဘဲ တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်ကြောင်း Asean Football ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ပြိုင်ပွဲအတွက် အာဆီယံ ထိပ်သီးလေးသင်းဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မြန်မာ အသင်း (၄)သင်းအနေဖြင့် ခြေစစ်ပွဲဝင်ရောက်ရန်မလိုဘဲ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တီမော၊ လာအိုအသင်းများအနေဖြင့် ခြေစစ်ပွဲအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ခြေစစ်ပွဲဝင်ပြိုင်ရမည့် အသင်းများအနေဖြင့် လာမည့် နိုဝင်ဘာ (၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကာ အဆိုပါ ပြိုင်ပွဲအတွင်း (၄)သင်းကို ရွေးချယ်သွားမည်ဖြစ်သည်။

ထို့ကြောင့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ခြေစစ်ပွဲအောင် အသင်း(၄)သင်းနှင့် တိုက်ရိုက်ဝင်ခွင့်ရအသင်း(၄) သင်း စုစုပေါင်း(၈)သင်းတို့ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here