Wednesday, January 15, 2025

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား...

ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola...

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းများ၏ ဝတ်စုံစပွန်ဆာ အဖြစ် ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် နှစ်ဖက်သဘောတူညီမှု MoU...

ဘင်္ဂလားဒေ့ရှ်ပို့ကုန်အခက်ကြုံချိန်အိန္ဒိယကအထည်အလိပ်ကဏ္ဍမြှင့်မည်

အိန္ဒိယနိုင်ငံသည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ အဓိကသွင်းအားစုများအပေါ် အခွန်လျှော့ချခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ရန် မက်လုံးများပေးခြင်းဖြင့် လာမည့်နှစ်ဘတ်ဂျက်တွင် ၎င်း၏ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု...
HomeNewsLocal Newsအက်တမ် (ATOM) မှ...

အက်တမ် (ATOM) မှ နှစ်ပတ်လည်ကမ်ပိန်းအထိမ်းအမှတ်အဖြစ် EV ကားသစ်ကံထူးရှင်‌ကို‌ ရွေးချယ်ကာ ဆုချီးမြှင့်ခဲ့

အက်တမ် (ATOM) သည် နှစ်ပတ်လည်အထိမ်းအမှတ် ကမ်ပိန်းအစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် အသုံးပြုသူ Customer များအနက်မှ အထူးဆု EV ကားသစ်ကံထူးရှင် မဲနှိုက်ရွေးချယ်ပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ကျင်းပခဲ့ပြီး စက်တင်ဘာလ (၃) ရက်နေ့တွင် ဆုချီးမြှင့်ခဲ့‌ကြောင်းသိရသည်။

Dayun Yuehu S1 Mini SUV (၂၀၂၃ မော်ဒယ်) လျှပ်စစ် EV ကားသစ်ကံထူးရှင်တစ်ဦးကို အွန်လိုင်း ချန်နယ်များမှ တိုက်ရိုက်ထုတ်လွင့်ကာ မဲနှိုက်ရွေးချယ်ခဲ့ပြီးနောက် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ အက်တမ် (ATOM) အသုံးပြုသူ Customer တစ်ဦးက ကံထူးသွားပြီး ကံထူးရှင် ဒေါ်အေးသန္တာအောင်က ” အက်တမ် (ATOM) ကနေ ဖုန်းခေါ်ပြီး မဲပေါက်တဲ့အကြောင်းပြောတော့ ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး။ ကျွန်မရဲ့ ကားပိုင်ဆိုင်ခွင့်ရတဲ့အိပ်မက်က အပြင်မှာ တစ်ကယ်ဖြစ်လာခဲ့ပြီ။ ကျွန်မက လွန်ခဲ့တဲ့ (၂) နှစ်လောက်ကတည်းက ATOM ကိုပဲ အစဉ်တစ်စိုက်အသုံးပြုလာခဲ့တာပါ။ အခုလိုမျိုး ကံထူးရှင်ဖြစ်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်” ဟု ၎င်းမှဝမ်းသာစကားပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့ထိ ပြုလုပ်ခဲ့သည့် နှစ်ပတ်လည်ကမ်ပိန်းအစီအစဉ်တွင် နိုင်ငံတစ်ဝန်းမှ အက်တမ် ATOM အသုံးပြုသူ Customer များ တစ်ခဲနက်ဝင်ရောက်ပါဝင်အားပေးခဲ့ကြသည်။ ကမ်ပိန်းကာလအတွင်း မည်သည့် ချန်နယ်မှမဆို မိမိနှစ်သက်ရာနည်းလမ်းဖြင့် မြန်မာငွေ (၂,၉၉၉)ကျပ် နှင့်အထက် အက်တမ် (ATOM) ပက်ကေ့ချ်ဝယ်ယူမှုတိုင်းအတွက် ယခုကဲ့သို့ EV ကားသစ်တစ်စီး ကံထူးခွင့်အသီးအသီး ရရှိခဲ့ကြသည်။ အက်တမ် (ATOM) အသုံးပြုသူ Customer များအနက်မှ အထူးဆု ကံထူးရှင်ကို တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်အတွင်း မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယခုကမ်ပိန်းတွင် ပါဝင်ခဲ့ကြသော အသုံးပြုသူ Customer များအားလုံးကို ကျေးဇူးတင်ကြောင်း အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က “အသုံးပြုသူ Customer တွေရဲ့ အားပေးယုံကြည်မှုကြောင့်သာ ကျွန်တော်တို့ အက်တမ် (ATOM) က ဒီလိုအောင်မြင်မှုတွေ ဆက်တိုက်ဆွတ်ခူးနိုင်တာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ နှစ်ပတ်လည်အထိမ်းအမှတ်မှာ အသုံးပြုသူ Customer တွေနဲ့အတူတူ ဂုဏ်ပြုအမှတ်ရနေဖို့က အက်တမ် (ATOM) အတွက် သိပ်ကို အရေးကြီးပါတယ်။ အက်တမ် (ATOM) အသုံးပြုသူ Customer တွေအတွက် အခုလိုမျိုး EV ကားနဲ့အတူ အခြားသော ကမ်ပိန်းဆုတွေကို ပေးအပ်တာက ကျွန်တော်တို့ရဲ့အက်တမ် (ATOM) ကို ယုံကြည်စိတ်ချရတဲ့ တယ်လီကွန်းပါတနာအဖြစ် လက်တွဲပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြသလိုက်တဲ့သဘောပါပဲ။ နောင်အနာဂတ်မှာလည်း ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ အခွင့်အလမ်းတွေနဲ့ ဆုအစီအစဉ်တွေကိုလည်း ဆက်လက်ပြီး လုပ်ဆောင်ပေးသွား ပါဦးမယ်” ဟု ပြောကြားခဲ့သည်။

ATOM သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ပြီး အထူးဆုကြီးအပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတစ်လျှောက်လုံးတွင် အသုံးပြုသူ Customer များအတွက် အထူးလျှော့ဈေး ပရိုမိုးရှင်း အစီအစဉ်များ၊ အပိုပွိုင့်လက်ဆောင်များနှင့် ငွေသားပြန်လည်ပေးအပ်မည့် အစီအစဉ်များကိုလည်း ပေးအပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု ဆိူ

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်နိုင်သည်ဟု ဆိုသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို မြန်မာနိုင်ငံအနှံ့အပြား မြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှ လည်းကောင်း၊ ရေပေါ် ရေအောက်တွင်လည်းကောင်း ရှေးဟောင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် နေရာများ၌ သုတေသနပြုလေ့လာခြင်းများမှ တွေ့ရှိရခြင်း၊ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်း၊ စသည့်လုပ်ငန်းများ ဆောင်ရွက်စဉ် မတော်တဆ တွေ့ရလေ့ရှိတတ်သည်ဟုဆိုသည်။ ထိုသို့...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား ယနေ့ ဗုဒ္ဓဟူးနေ့တွင် ဖ-မ်းဆီး ထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့မှ ပြောကြားလိုက်သည်။ ယွန်ကို ဖ-မ်းဆီးထိန်းသိမ်းမှုသည် လက်ရှိသမ္မတအဖြစ်တာဝန်ယူနေသူတစ်ဦးအား တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံး ဖ-မ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများသည် ယနေ့နံနက်ပိုင်းတွင် ယွန်၏ တရားဝင်နေအိမ်သို့ဝင်ရောက်ခဲ့ပြီး သမ္မတလုံခြုံရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရာတွင် ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်၍ ယွန်အား ဖ-မ်းဆီးရန် ထုတ်ထားသည့် ဖ-မ်းဝရမ်းကို ပြသခဲ့ရသည်။ ယခုအခါမူ...

ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် မြန်မာဘောလုံးအဖွဲ့ချုပ် လက်တွဲမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းများ၏ ဝတ်စုံစပွန်ဆာ အဖြစ် ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် နှစ်ဖက်သဘောတူညီမှု MoU လက်မှတ်ရေးထိုးခဲ့ကြောင်းထုတ်ပြန်သည်။ ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola သည် မြန်မာ့ လက်ရွေးစင် အမျိုးသား အမျိုးသမီး အသင်းများ၊ ဖူဆယ် အမျိုးသား အမျိုးသမီး အသင်းများ၊ လူငယ်သက်တမ်းအလိုက် လက်ရွေးစင် အသင်းများ၊ အကယ်ဒမီများ အတွက် အားကစား ဝတ်စုံနှင့်အသုံးအဆောင် စပွန်ဆာအဖြစ် ၄ နှစ်တာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။ ထုတ်ပြန်မှုအရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071