ပြည်သူ့စစ်မှုထမ်းများ၏ ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲသည့်စနစ်ကို အကောင်အထည်ဖော်နေ

0
125

ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System – NSIMS) ကို အကောင်အထည်ဖော်နေကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စက်တင်ဘာ ၃ရက်နေ့က နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည့်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၄) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ရည်မှန်းချက်များအတိုင်း ဖွင့်နိုင်ခဲ့ကာ မကြာမီ အမှတ်စဉ် (၅/၂၀၂၄) ကို ဖွင့်လှစ်သွားမည့်အတွက် အားနည်းချက် အားသာချက်များကို
ဆန်းစစ်ရန်လည်း မှာကြားသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပြီး ဥပဒေအရ သတ်မှတ်ထားသည့် အသက်မပြည့် သူများ မပါရှိစေရေး အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကာ ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်များနှင့် ပတ်သက်၍လည်း ဗဟိုအဖွဲ့ကို အချိန်မီတင်ပြနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here