တရုတ် ပေကျင်းဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ဝင်များ မြန်မာသို့ လေ့လာရေး ခရီးလာရောက်

0
296

တရုတ် ပေကျင်းဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ဝင်များ သည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင် လေ့လာရေးခရီးသွားရောက်ကာ ဒေသခံ ဗုဒ္ဓဘာသာကျောင်းတိုက်နှင့် ပညာသင်ကောလိပ်များကြား ချစ်ကြည်ရင်းနှီးစွာ ကူလူးဖလှယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ပေကျင်းဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ဝင်များတွင် ပေကျင်း Yonghe Temple၊ Guanghua Temple၊ Buddhist Lodge၊ Tanzhe Temple၊ Youshengjiao Temple စသည်တို့မှ ပါဝင်သည်။

ထိုလေ့လာရေးခရီးစဉ်ကို စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ သွားရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားနှင့် ပေကျင်းဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ Lama Hu Xuefeng ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည်လည်း စက်တင်ဘာ ၃ရက်နေ့၌ ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သေးသည်။

တွေ့ဆုံစဉ် နှစ်ဦးနှစ်ဖက်မှ တရုတ်-မြန်မာ ဗုဒ္ဓဘာသာအစဉ်အလာ တရားဓမ္မချစ်ကြည်မှု ခိုင်မြဲရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း စိတ်နှလုံးနီးစပ်မှုမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြသလို သံမှူး Mr. Li Qianguo စသည့်သက်ဆိုင်သူများ အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here