၀န်ကြီးချုပ် ပေတုံတန်၏ အစိုးရအဖွဲ့သစ် ထိုင်းဘုရင် အတည်ပြု

0
221
Thai Prime Minister Paetongtarn Shinawatra, known by her nickname "Ung Ing" and daughter of former prime minister Thaksin Shinawatra, speaks during a press conference after the royal endorsement ceremony appointing her as the new Prime Minister of Thailand, in Bangkok on August 18, 2024. (Photo by Chanakarn LAOSARAKHAM / AFP)

ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ ဦးဆောင်မည့် အစိုးရအဖွဲ့၏ အဖွဲ့ဝင်များကို ထိုင်းဘုရင် မဟာ ဝဇီရလောင်ကွန်းက ထောက်ခံအတည်ပြုခဲ့သည်ဟု နန်းတော်က ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၄) တွင် ပြောဆိုသည်။

ဒုတိယ ဝန်ကြီးချုပ် ခြောက်ဦးနှင့် အခြားဝန်ကြီးများ အပါအဝင် ပေတုံတန်က ရွေးချယ်တင်ပြခဲ့သော အစိုးရဝန်ကြီး ၃၅ ဦးကို ဘုရင်မင်းမြတ်က ခန့်အပ်မိန့်ပြုသည် ဟု တော်ဝင်ပြန်တမ်းက ဆိုသည်။ ပြီးခဲ့သည့်လတွင် ပေတုံတန်ကို ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်အဖြစ် ဘုရင်က အတည်ပြုပေးခဲ့သည်။

အစိုးရအဖွဲ့သစ်တွင် အာဏာရ ဖြူထိုင်းပါတီက နေရာ ၁၇ နေရာဖြင့် ရာထူးနေရာ အများစုကို ရယူခဲ့ပြီး ယခင်ဝန်ကြီးချုပ် ဆရက်သာ ထဝီဆင်း အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးအများစု ပြန်လည်ပါဝင်လာခဲ့သည်။

၄င်း အဖွဲ့တွင် ဖီချိုင်း ချူနာဝဇီရက ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ မာရစ် ဆန်ဂီယန်ပွန်ဆာက နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း လက်ရှိရာထူးနေရာများတွင် ဆက်လက်တာဝန်ယူရမည်ဖြစ်သည်။ တဖန် ဖန်သမ် ဝီချာယာချိုင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပြီး ဖိချိုင် နာရစ်သာဖန်ကို ကုန်သွယ်ရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

ကျန်ရှိသည့် အစိုးရအဖွဲ့ဝင်နေရာ ၁၉ နေရာကို ဖြူထိုင်းဦးဆောင်သော ညွန့်ပေါင်းပါတီမှ အဓိကမိတ်ဖက်ပါတီများက မျှဝေရယူခဲ့သည်။

အစိုးရအဖွဲ့သစ်သည် သောကြာနေ့တွင် ဘုရင့်ရှေ့တော်မှောက်၌ ကျမ်းသစ္စာ ကျိန်ဆိုရန်စီစဉ်ထားကာ ယင်းနောက် တရားဝင် ရာထူးမထမ်းဆောင်မီ လွှတ်တော်တွင် ၎င်း၏ မူဝါဒထုတ်ပြန်ချက်ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း သိရသည်။

Ref: အေးရှားအင်န် ပစိဖစ်


LEAVE A REPLY

Please enter your comment!
Please enter your name here