သီပေါနယ်ရှိ ဒေသခံစစ်ရှောင်များလှိုဏ်ဂူများအတွင်းခိုလှုံနေပြီး စားသောက်ရေးအခက်အခဲများရှိနေဟု ဆို

0
59

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါဒေသ
ရှိ လှိုဏ်ဂူများအတွင်း ဒေသခံစစ်ရှောင်ပြည်သူ အိမ်ထောင်စု (၄၉)စုအထိ ရှိလာပြီး၊ ၎င်းတို့အနေဖြင့် စားသောက်ရေးအတွက်အခက်အခဲများရှိလာနေကြောင်း ဒေသခံ စစ်ရှောင်အရေး‌ေဆာင်ရွက်ပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

သီပေါဒေသအတွင်း တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေခြင်းကြောင့် အခြားဒေသများသို့ မတိမ်းရှောင်လိုသည့်အတွက် မိသားစုအလိုက် လှိုဏ်ဂူများအတွင်း သွားရောက်ခိုလှုံနေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

” လှိုဏ်ဂူတွေက သီပေါနယ်ထဲမှာပါဘဲ။ သွားရေးလာရေးခက်ခဲတယ်။ အိမ်ထောင်စု (၄၉)စုရှိနေပြီ။ လူဦးရေအရတော့ နှစ်ရာကျော်ရှိတယ်။ စားသောက်ရေးအတွက်တစ်ခေါက်သွားရောက်လှူဒါန်းပြီးပါပြီ။ ဒေသအခြေအနေအရ ထပ်သွားဖို့လည်း ကြိုးစားနေပါတယ်”ဟု ၎င်းက ဆိုသည်။

လှိုဏ်ဂူများအတွင်းခိုလှုံနေသည့် စစ်ရှောင်ပြည်သူများကို ယခုလ စက်တင်ဘာလ (၂)ရက်၌ ပထမအကြိမ် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ကြသေးသည်။

လက်ရှိတွင် သီပေါမြို့၌ တိုက်ပွဲများငြိမ်သက်နေကြောင်းပြီး ညမထွက်ရအမိန့် ထုတ် ပြန်ကြေညာထားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ-နယ်စည်းမခြား ပရဟိတ (သီပေါ)


LEAVE A REPLY

Please enter your comment!
Please enter your name here