ရှမ်းပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပြည်သူလူထုဖြင့် ပူးပေါင်းလုပ်ဆောင်မည်

0
165

နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မိမိတို့ တာဝန်ယူရသည့် ဒေသများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိ-မ်လည်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ပပျောက်စေရေး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌ၏တောင်ကြီးမြို့ခရီးစဉ်အတွင်း ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား ပြည်နယ်ဝန်ကြီးချုပ်၏ ရှင်းလင်းတင်ပြမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း မြိူ့နယ်အချို့ရှိ ရပ်ကွက်လမ်းများပေါ် လောင်းကစားဝိုင်းများတွင် အသက် (၁၆)နှစ်မှ (၃၀)အရွယ် လူငယ် လူလတ်ပိုင်း အများစုရှိနေတတ်ပြီး ၎င်းလောင်းကစား ခုံ/ ဝိုင်း/ ဂိမ်းများတွင် မူးယစ်ဆေးဝါးများပါ ဝယ်ယူရရှိနိုင်ခြင်းကြောင့် လောင်းကစားလုပ်ရင်း မူးယစ်ဆေးပါ သုံးစွဲမှုများရှိနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

“ရှမ်းပြည်မှာက လောင်းကစားလုပ်တာနဲ့ မူးယစ်ဆေးသုံးတဲ့ အမှုတွေက အရွယ်စုံလုပ်နေကျတာ၊ မှုခင်းတွေများလာတယ်။ ခိုးဆိုးလုနှိုက်လို့ ဖမ်းမိရင်လည်း သက်ဆိုင်ရာ အပ်တာလည်း ရှိတာပေါ့။ များသောအားဖြင့်တော့ သူတို့ဟာ သူတို့ ဖြေရှင်းလိုက်ကျတာများတယ်။ အဲ့လိုလုပ်လိုက်လို့လည်း ဘယ်သူကမှ ဘာမှ မပြောကြဘူး။ ဘာလိုဆို ဒေသခံတွေ အန္တရာယ်ကင်းတယ်ဆိုပြီးတော့ပေါ့။”ဟု မူဆယ်မြို့ပေါ်မှ ပရဟိတ လုပ်ကိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် နယ်စပ်ဒေသများတွင် လောင်းကစားဂိမ်းခုံများ၊ မူးယစ်ဆေးဝါးများ ပေါများလာခြင်းကြောင့် လူငယ်အများစု ဘဝရပ်တည်ရေး ထိခိုက်မှုများရှိလာသည့်အပြင် လူမှုရေး၊ ကျန်းမာရေး အပါဝင် ခိုးဆိုးလုနှိုက်မှုများလည်း အဖြစ်များလာနေကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here