အာဆီယံအပေါင်း ရုပ်ရှင်ပွဲတော် ၂၀၂၄ တွင် မြန်မာရုပ်ရှင် ၃(က) ပါဝင်ပြသမည်

0
75

အာဆီယံ-ပရာ့ဂ်ကော်မတီမှ ကြီးမှူး၍ ကျင်းပသည့် အာဆီယံအပေါင်း ရုပ်ရှင်ပွဲတော် ၂၀၂၄ တွင် မြန်မာရုပ်ရှင်ဇာတ်ကား ၃(က) ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂) ရက်၊ ညနေ (၆)နာရီခွဲတွင် ပရာ့ဂ်မြို့ရှိ မြူနီစပယ် စာကြည့်တိုက်၌ ကျင်းပခဲ့ပြီး ရုပ်ရှင်ပွဲတော်အတွင်း အာဆီယံအပေါင်းနိုင်ငံများမှ ရုပ်ရှင်ကားများကို ယင်းစာကြည့်တိုက်ရှိ ရုပ်ရှင်ရုံများတွင် စက်တင်ဘာ (၂) ရက်မှ (၉) ရက် အထိ ပြသသွားမည်ဖြစ်သည်။

အခမ်းအနားဖွင့်ပွဲတွင် အထူးဧည့်သည်တော် ချက်သမ္မတနိုင်ငံ၊ ပညာရေး၊လူငယ်နှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Prof. Jaroslav Miller က အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပရာ့ဂ်မြို့ရှိ အာဆီယံ နိုင်ငံများ၏ သံအမတ်ကြီးများ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့်အတူ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ထွန်းနောင် ပါဝင်တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here