အာရှ ယူ-၂၀ ခြေစစ်ပွဲ မြန်မာနှင့် ဘာရိန်းတို့ ပွဲကြိုခြေစမ်းပွဲ ယှဉ်ပြိုင်မည်

0
92

အာရှယူ-၂၀ ခြေစစ်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံတွင် ခြေစမ်းခရီးစဥ် သွားရောက်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ဘာရိန်း ယူ-၂၀ အသင်းဖြင့် မနက်ဖြန် စက်တင်ဘာ(၅)ရက်တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ဘာရိန်းအသင်းဖြင့် အကြိုခြေစမ်းပွဲအပြီး၊ စက်တင်ဘာ (၉)ရက်တွင် ထိုင်းလိဂ်-၃ ကလပ် Kasem Bundit University အသင်းဖြင့်လည်းကောင်း၊ စက်တင်ဘာ (၁၃)ရက်တွင် ကမ္ဘောဒီးယား ယူ-၂၀ အသင်းဖြင့်လည်းကောင်း ပွဲကြိုခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဘာရိန်းယူ-၂၀အသင်းသည်လည်း ထိုင်းနိုင်ငံကိုရောက်ရှိလေ့ကျင့်နေပြီး စက်တင်ဘာ (၅)ရက်နေ့၌ မြန်မာယူ-၂၀အသင်းဖြင့် ယှဉ်ပြိုင်ကစားပြီးပါက စက်တင်ဘာ (၁၂)ရက်နေ့၌ ထိုင်းယူ-၂၀ အသင်းဖြင့် ပွဲကြိုခြေစမ်းကစားသွားကြမည်ဖြစ်သည်။

၂၀၂၅ အာရှယူ-၂၀ ခြေစစ်ပွဲ အုပ်စု (I) ကိုစက်တင်ဘာ ၂၅ရက်မှ ၂၉ရက် အထိ ကာဂျစ်စတန် နိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် ဂျပန်၊ ကာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန် အသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်လျက်ရှိကြောင်း MFF က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-MFF


LEAVE A REPLY

Please enter your comment!
Please enter your name here