တိုင်းရင်းဆေးဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

0
166

ကွမ်ရှီးဒေသ၊ နန်နင်းမြို့၌ ပြုလုပ်သော“တိုင်းရင်းဆေးဆိုင်ရာ စည်းမျဉ်းနှင့် စံနှုန်းများ သတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် တတ်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဆွေးနွေးပွဲကို စက်တင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး တရုတ်အမျိုးသားဆေးဝါးကွပ်ကဲမှုအဖွဲ့၊ သိပ္ပံ၊ နည်းပညာနှင့် နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. He Li၊ ကွမ်ရှီးဒေသ အစိုးရရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Cai Zhenjun၊ မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆေးဝါးကွပ်ကဲမှုဗျူရိုမှ ညွှန်ကြားရေးမှူး Dr. Peng Cheong Choi၊ ကွမ်ရှီးဒေသဆေးဝါး ကွပ်ကဲမှုအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Wei Guanghui နှင့် နန်နင်းမြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးဦးစီး ဌာနမှ ကိုယ်စားလှယ် (၂)ဦး ပါဝင်တက်ရောက်လျက်ရှိပြီး အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ တိုင်းရင်းဆေးကွပ်ကဲမှုဆိုင်ရာ မူဝါဒများ၊ ဆေးဖက်ဝင်အပင်များကို သုတေသနပြုမှုနှင့် အရည်အသွေး ထိန်းချုပ်မှု၊ နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေရှိမှုစသည်တို့ကို ဆွေးနွေး ဖလှယ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here